အခန်း (၄၉)

3.1K 360 6
                                    


အခန်း (၄၉) : ထိတာက အရေးမကြီးပါဘူး


ဂူမန်မန်သည် အဲလ်ဗစ်လှမ်းပေးသည့် ယုန်ကင်ကို ကြည့်ပြီး သူမ အမှားလုပ်မိသလိုမျိုး မေးလိုက်သည် "ခေါင်းဆောင် ကျွန်မလုပ်တဲ့ အစာကို မကြိုက်ဘူးလား"

အဲလ်ဗစ်က ရပ်တန့်လိုက်ပြီး မျက်မှောင်ကျုံ့ကာ ခေါင်းခါပြလိုက်၏။

ဘာကြောင့် သူ မကြိုက်ရမှာလဲ..... သူ ကြိုက်လွန်း၍ တစ်လုပ်တည်းဖြင့် အငမ်းမရ မျိုချလုမတတ်ဖြစ်ခဲ့သည်။ စားချင်စိတ်ကို မျိုသိပ်ပြီးတောင့်ခံထားသည်မှာ တန်ဖိုးထားလွန်း၍ ဖြစ်ကြောင်း ဘုရားသခင်သာ သိရှိလိမ့်မည်။

"အဲဆို ဘာလို့မစားတာလဲ" ဂူမန်မန်က နှုတ်ခမ်းစူလိုက်ပြီး အဲလ်ဗစ်ကို သနားစဖွယ်အမူအယာဖြင့် ကြည့်လိုက်သည်။

ဂူမန်မန်၏ ကြီးမားသည့်မျက်လုံးတွေက အာရုံထွေပြားနေသည့် အဲလ်ဗစ်ကို ကြည့်လိုက်သည်။ သူက သူ့၏ သေးသွယ်သည့်လက်ချောင်းတွေကို ဆန့်တန်းရင်း ဂူမန်မန်ဆံပင်ကို ပွတ်သပ်ပေးလိုက်ပြီး သူမ၏ ရှုပ်ပွနေသည့်ခေါင်းကို ကြည့်လိုက်၏။ သူအနေနှင့် ဒီခံစားချက်က အလွန်ကျေနပ်ဖို့ကောင်းလေသည်။

"မင်း ခဏနေလို့ ဗိုက်ဆာရင် စားရအောင် သိမ်းထားတာ" အဲလ်ဗစ်က ထိုလက်ရှိ အခိုက်တန့်မှာ သူ့အသံက ဘယ်လောက်တောင် ညင်သာပြီး ချိုသာနေတယ်ဆိုတာ သူကိုယ်တိုင် သတိမထားခဲ့မိပေ။

ဂူမန်မန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဒီသားရဲလောကမှာ အသက်ရှင်နေထိုင်ဖို့ရန် အမှန်တကယ် ခက်ခဲလှပေသည်။ ခေါင်းဆောင်လို အန္တရာယ်ရှိစွာ ခန့်ညားချောမောသည့်လူတောင် အပြောဖြင့် ဘယ်လိုအသေသတ်ရမည်ဆိုတာ သိသည်။ သူမ တောင့်မခံနိုင်တော့လျှင် ဘယ်လိုလုပ်မလဲ..... သေပြီ..... ဒါက အိမ်နားက စွတ်ဖားဆွဲခွေးကို စနောက်မိတာနှင့် ဘာလို့ ခြားနားနေရတာလဲ......

ဂူမန်မန်က ခေါင်းခါလိုက်ပြီး သူမဘာသာ သူမပြန်ပြောလိုက်သည် 'ကျွန်မက ဆိုရှယ်လစ်ဝါဒီကို ယုံကြည်တဲ့ လူကောင်းတစ်ယောက်ဖြစ်ပြီး ကိုယ်ကျင့်တရားလည်း ဖြောင့်မတ်တယ်......လူမဟုတ်တဲ့ဟာနဲ့ ဟိုလိုဒီလိုကိစ္စတွေက ကာတွန်းကြည့်ရင်သာ အဆင်ပြေတာ....... ဒါပေမဲ့ တကယ့်ဘဝမှာ သူမ ဘယ်လိုနည်းနဲ့မှ မလုပ်နိုင်ဘူး'

အလှလေးရှောင်မန် (Beauty and the Beast) Book 1Onde histórias criam vida. Descubra agora