အခန်း (၅၅)

3K 330 1
                                    


အခန်း (၅၅) : မြေခွေး၏ စွဲဆောင်မှု


"ကျွန်မက ပိုင်တာလား....." ဂူမန်မန်သည် သေချာမမြင်ရသော ရီဝေဝေမျက်လုံးဖြင့် မေးလိုက်သည်။ သူမ စိတ်နှင့်ကိုယ်နှင့်မကပ်စဉ်မှာ သေရေးရှင်ရေးအခြေအနေထဲ ကျရောက်နေပုံရသည်။ သူမနှုတ်ခမ်းတွေ တွန့်ချိုးသွားပြီး ပြုံးလိုက်၏။ သို့သော် ထိုအပြုံးသည် သူမပုံမှန်အပြုံးနှင့်မတူဘဲ ဘာမျှနားမလည်သည့်ပုံဖြစ်နေသည်။

"ဟုတ်တယ် မင်းပိုင်တာ..." လီရာအသံက တည်ငြိမ်နေဆဲဖြစ်ပြီး နှုတ်ခမ်းက အနည်းငယ်တွန့်ချိုးရင်း အရာအားလုံးအပေါ် ထိန်းချုပ်နိုင်စွမ်းရှိ၍ ယုံကြည်ချက်ရှိနေသည့်ပုံပေါ်သည်။

သူက လူသားမျိုးနွယ်ကို အပေါ်စီးမှ ကြည့်နေသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်၏။

အဲလ်ဗစ်က သူ့၏သားရဲဖိအားကို တိတ်တဆိတ်လွှင့်ထုတ်ရင်း လီရာနှင့် ဂူမန်မန်တို့၏ တယုတယဆက်ဆံရေးကို ဝင်ရောက်နှောင့်ယှက်ခဲ့သည်။

လီရာက အဲလ်ဗစ်ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားလေ၏။

အဲလ်ဗစ်က လီရာလက်ထဲမှ အသိစိတ်မကပ်လုနီးပါးဖြစ်နေသည့် ဂူမန်မန်ကို မျက်မှောင်ကျုံ့လျှက် ဆွဲခေါ်လိုက်သည်။ သူက လီရာကို သဘောမတူညီမှုနှင့် ကြည့်လိုက်ပြီး "သူမက နတ်ဘုရားရဲ့ အမှာပါးသူ...."

"အဲကြောင့် သူမက နဇိုင်းရယ်မျိုးနွယ်စုထဲမှာ နေရမယ်...." လီရာသည် အဲလ်ဗစ်စကားတွေကို နားမလည်သလိုမျိုး သို့မဟုတ် အဲလ်ဗစ်ကို ထိုအချက်အား အသုံးပြုပြီး သတိရရန် 'လုပ်ဆောင်နေသည် 'ဒါက အရိုးရှင်းဆုံးနှင့် သက်ရောက်မှု အရှိဆုံးနည်းလမ်းပဲ....'

အဲလ်ဗစ်က လီရာမှန်ကန်ကြောင်းသိပေမဲ့လည်း မျက်မှောင်ကျုံ့မိလိုက်သည်။ မျိုးနွယ်စုခေါင်းဆောင်အနေနှင့် နဇိုင်းရယ်မျိုးနွယ်စုကို ပို၍ တွေးတောပေးသင့်သည်။ ထို့အပြင် မြေခွေးလိုမျိုး ဉာဏ်တီဉာဏ်နက်များပြီး အမှာပါးသူကို နေဖို့ရန် စွဲဆောင်ခြင်းက အစကတည်းက တည်ရှိနေသည့် နည်းလမ်းဖြစ်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now