အခန်း (၁၅) : အဆင့်မြင့်သော ပုန်းကွယ်မှု
ဂူမန်မန်က အပြစ်ရှိစွာမရယ်မောလိုက်ခင် သစ်သားတုတ်ကို လွှင့်ပစ်လိုက်သည်။ "ယုံချင်ယုံ မယုံချင်နေ ......ကျွန်မ တမင်လုပ်တာမဟုတ်ဘူးနော်... ကျွန်မ အရင်သွားနှင့်ပြီ..."
ရုပ်ရည်ချောမောတဲ့ယောကျာ်းတွေက အဖိုးတန်ပြီး အချစ်တန်ဖိုးက ပိုမြင့်မားတယ်။ သို့သေည်ငြားလည်း သူမအသက်ကိုရန်ရှာလာခဲ့လျှင် ဒီနှစ်ချက်လုံးကို စွန့်လွှတ်စတေးပစ်နိုင်သည်။
ဒီနေရာက တစ်ယောက်ယောက်အတွက် ကြာရှည်နေထိုင်ဖို့ကောင်းတဲ့အရာမဟုတ်ချေ။ နေရာတိုင်းမှာ စိတ်ဝေသနာသည်အရူးတွေနဲ့ပြည့်နေသည်။ ဂူမန်မန်က သူမထောင်ခြောက်အတွင်း ကျဆင်းသွားတယ်လို့ ခံစားလိုက်ရသည်။ အဲလ်ဗစ်က ရုပ်ရည်ချောမောပေမဲ့လည်း သူကနတ်ဆိုးဖြစ်နေဆဲဖြစ်ပြီး ဆိုးဆိုးရွားရွားပြောရလျှင် သူကအသားစားနတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူမ အနည်းငယ်လောက်စနောက်ရုံနဲ့ သူမကိုစားပစ်မလားဆိုတာ ဘယ်သူသိနိုင်မလဲ......
ထို့နောက် ဂူမန်မန် ဆုံးဖြတ်ချက်ချလိုက်သည်။ လက်ရှိအနေအထားအရ အဲလ်ဗစ်က နီနာကြောင့် အဝေးကိုရောက်ရှိနေပြီး သတိလစ်နေတဲ့နီနာကလွဲလျှင် ဘယ်သူမှ မကျန်ရှိလေဘူး...... ရူးနေတဲ့သူသာ ထွက်မပြေးဖို့ ရွေးချယ်မှာ ဖြစ်သည်။
ဂူမန်မန်ကသူမအတွက်ကာကွယ်ဖို့ရန် ဌားဖို့တစ်ခုခုများရှိမလားဆိုပြီး အဲလ်ဗစ်ရဲ့ဂူအတွင်းထိ ဝင်ရောက်ချင်ခဲ့သည်။ ဒါပေမဲ့ ဂူအတွင်းက အရမ်းကိုမှောင်မည်းနေခဲ့သည်။ ခြေဆယ်လှမ်းလောက်လှမ်းပြီးနောက် ဘယ်အရာမှမမြင်ရတော့ချေ။ ထို့ကြောင့် ရှာဖွေဖို့အကြံစည်ကိုလက်လျော့လိုက်ပြီး အလင်းဘက်သို့ ထွက်လာခဲ့သည်။ သူမကိုယ်သူမ ကာကွယ်ဖို့က ပိုအရေးကြီးသည်။
ဂူမန်မန်က နံရံနဲ့နီးကပ်စွာလျှောက်လှမ်းလာပြီး သူခိုးတစ်ယောက်လို ခိုးကြောင်ခိုးဝှက် အပြင်သို့ဦးတည်လာခဲ့သည်။ သူမရဲ့ ထူးဆန်းတဲ့ အပြုအမူတွေက ပုန်းအောင်းခြင်းဆိုတာနဲ့ နည်းနည်းမျှ မသက်ဆိုင်ဘဲဖြစ်နေပြီး သူမက သားရဲတွေရဲ့အာရုံခံနိုင်စွမ်းကို မသိခဲ့ဘူး ဖြစ်သည်။ ထို့အပြင် သူမအနံ့က လူအုပ်ကြားမှာထွက်ပေါ်နေပြီး စွဲမက်စရာယုန်မွှေးဝတ်စုံနဲ့ သူမကို မမြင်ဖို့ရန် ခက်ခဲလှပေသည်။
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...