အခန်း (၉၂)

2.4K 223 1
                                    


အခန်း (၉၂) : ငါဝတ်ဖို့ မင်းကူပေးလေ..


"ခေါင်း.... ခေါင်းဆောင်...ရှင့်အဝတ်အစားက....." ဂူမန်မန်သည် တစ်လုံးချင်း တုန်လှုပ်စွာ ပြောလိုက်သည်။ သူမခန္ဓာကိုယ်တစ်ခုလုံးက ကျောက်ရုပ်ဖြစ်နေပြီး တစ်စက်လေးမှ မရွေ့လျားရဲချေ။

ဟုတ်သည်လေ.... သူမသည် အမျိုးသမီးအလိုအလျောက်သိနိုင်စွမ်းရှိသည့် မိန်းကလေးဖြစ်ပြီး စကားပြောခြင်း တွင် သာ အဆင်ပြေလေ၏။ အမှန်တကယ် လုပ်ဆောင်ချက်နှင့် ပတ်သတ်လျှင် သူမသည် သတ္တိမရှိပေ။

"ဟမ်...." အဲလ်ဗစ်သည် ဂူမန်မန်ကို တင်းကျပ်စွာ ဖက်ထားလိုက်ရင်း သူမပေးသည့် နွေးထွေးမှုကို အဆုံးစွန်အထိ ခံစားနေပြီး လွှတ်မပေးချင်ချေ။ ပျော်ရွှင်မှုက သူ့ခန္ဓာတစ်ကိုယ်လုံး ပြန့်နှံ့သွားပြီး သူမ၏ ဖမ်းစားညို့ယူမှုကို ခံလိုက်ရပြီး ပို၍ နက်ရှိုင်းစွာ တိုးဝင်နေလေ၏။

"ရှင့်အဝတ်က...ဘယ်မှာလဲ...." ဂူမန်မန်သည် တံတွေးမျိုချရင်း မေးလိုက်သည်။ သူမအမွှေးအမျှင်တိုင်းက ထောင်မတ်နေပြီး သူမသည် ကိုယ်လုံးတီးအမျိုးသားတစ်ယောက်၏ ဖက်ထားမှုကို ခံနေရကြောင်း အသိပေးနေသည်။ မတော်တဆ ထိတွေ့မှုသည် သူမတစ်ကိုယ်လုံးကို ကြက်သီးထစေ၏။

"လမ်းမှာ ပျောက်သွားပြီ...." အဲလ်ဗစ်သည် သူ့သားရေဝတ်စုံသည် ဒီသို့ပြန်လာစဉ်အတွင်း အမြန်ပြေးလာသည့်အတွက် သစ်ကိုင်းဖြင့် ညိှပါသွားသည့် အကြောင်းကို ဘယ်တော့မှ ထုတ်ပြောမည် မဟုတ်ပေ။ ထို့အပြင် သူသည် နှစ်စက္ကန့်အတွင်း ဖြေသိမ့်လိုက်ပြီး သားရဲသွင်ပြင် ပြန်ပြောင်းကာ သူမဆီသို့ တိုက်ရိုက်ပြေးလာခဲ့လေ၏။

ဂူမန်မန်သည် သူမတံတွေးကို နောက်တစ်ခါ မျိုချလိုက်သည်။ ခေါင်းဆောင်အကြောင်း မပြောရသေးသည့် ဝေဖန်မှုသည် သူက အမှန်အကန် ချမ်းသာပြီး ရက်ရောလှပေသည်။ သူသည် လက်သီးဆုပ်လောက်ကြီးသည့် ညပုလဲကိုလည်း အပိုင်းပိုင်းအစစ ခွဲပစ်ခဲ့ပြီး သားမွှေးဝတ်စုံကိုလည်း သူအလိုရှိသည့်အတိုင်း လွှင့်ပစ်ခဲ့လေသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now