အခန်း (၁၀၀)

5K 256 28
                                    


အခန်း (၁၀၀) : ဖြစ်စဉ်က မှားယွင်းနေတာလား


"မင်း မလုပ်ချင်ဘူးလား...." လီရာသည် သူ့ဒဏ်ရာအား ညွှန်းဆိုခြင်း ပြုရန် မထိုက်တန်သည့် အရာကဲ့သို့ လုံးဝ လျစ်လျူရှုထားလေသည်။ သူသည် ဖျော့တော့တော့ အပြုံးကို ဆောင်ထားရင်း ဂူမန်မန် အနားသို့ ချောမောလှသော မျက်နှာဖြင့် ကပ်လာ၏။

သူသည် တည်ငြိမ်စွာ ပြောလိုက်ပြီး "အဲဆို ငါ့ကို ခွင့်လွတ်ပေးပါ.... စိတ်မဆိုးပါနဲ့တော့နော်.... ဟုတ်ပြီလား...."

လီရာသည် သူမအား လွတ်ပေးလိုက်သည်ကို မြင်သည့်အခါ နှုတ်ခမ်းစူကာ ပြောလိုက်၏ "အဲဆို နောင်ကျ ဒီလို ကိုယ့်ဘာသာ ထိခိုက်အောင် မလုပ်ရဘူး... ကျွန်မကို ကတိပေး....."

"မင်း သဘောအတိုင်းပါပဲကွာ...." လီရာသည် ဂူမန်မန် ခါးကိုင်ထားသည့်လက်ကို ဖြေ့လျော့ပေးလိုက်ပြီး သူမကို လက်ထဲ ပြောင်းကာ ဖက်ထားလိုက်သည်။

သူသည် သူမ၏ မျက်နှာလေးနှင့် ပွတ်သီးပွတ်သပ် ပွတ်နေပြီး ဆက်လက်၍ ပြောလိုက်သည် "ငါ အခု ဘာအမှားလုပ်လိုက်မိလဲဆိုတာ ပြောပြပါ့လား.... ငါ မင်းကို နောက်ထပ် ဒေါသထွက်မှာ မမြင်ချင်ဘူး....အဲဒါက ငါ့အတွက် ဒီနေရာ နာကျင်ရတယ်....."

ဂူမန်မန်သည် လီရာ၏ သွေးထွက်နေသော ဒဏ်ရာကို ညွှန်ပြရင်း ငြီးငြူလိုက်သည်။ ထိုခံစားချက်တွင် အသားယူခြင်းခံရသည့် ခံစားချက်က ပျောက်ကွယ်သွားပြီ ဖြစ်၏။ ယခု သူမသည် သူနာကျင်သည်ကို ကြားပြီး ဂူမန်မန်သည် သူမနှလုံးသားတွင် ထူးဆန်းလှစွာ ချိုမြိန်မှုနှင့်အတူ နွေးထွေးမှု ကို ခံစားလိုက်ရ၏။

ဘာများလဲ..... ဒါက ကိုယ့်ကို ဖမ်းထားသော သူ့အပေါ် အလိုတူ အလိုပါ လက်ခံလာသည့် ရောဂါများလား.....

"ငါ့ဖက်ထားတုန်း တစ်ခုခုက စိတ်အနှောင့်ယှက်ပေးနေလို့လား.... ဘာတွေများ တွေးနေတာလဲ....အမ်...." လီရာသည် မျက်လုံးမှေးကာ ပြောလိုက်သည်။ သူ့၏ နတ်သား နတ်ဆိုး နှစ်မျိုးဆန်စွာ ချောမောနေသာ သူ့မျက်နှာတွင် အလိုမကျမှုနှင့် သဝန်တိုမှု အနည်းငယ် ရှိနေလေသည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Où les histoires vivent. Découvrez maintenant