အခန်း (၆၉)

2.7K 285 4
                                    


အခန်း (၆၉) : မျှော်လင့်သည့်အတိုင်း ကလေးအပေါ် မိခင်၏အချစ်သည် အတိုင်းအတာမရှိပေ

သူ့ခံစားချက်တွေကို သူမက အကုန်သိနေသည်......

အဲလ်ဗစ်သည် အလွန်ကောင်းချီးပေးခံရသည်ဟု ခံစားမိသည်။

"အဲဆို သွားရအောင်လေ... ငါတို့တွေ လီရာကို အကြာကြီး မစောင့်ခိုင်းသင့်ဘူး...." ဂူမန်မန်သည် သူမဘာသာ တွေးမိပြီး သူမအနေနှင့် သားရဲလောကမှာ ဘယ်လောက်ကြာကြာ နေမည်ဆိုတာ မသေချာသေးသော်လည်း အဲလ်ဗစ်ခြေထောက်ကိုဖက်မည်ဟု စဆုံးဖြတ်ကတည်းက သေသချောချာ ဖက်ထားသင့်သည်။ သူမအနေဖြင့် အနည်းငယ် အနေခက်ပေမဲ့လည်း မိဘနှင့်သားသမီး ဆက်ဆံရေးထက် ခိုင်မြဲသောအရာမရှိချေ။ ထို့အပြင် သူမ ရရှိထားသော မွေးစားမိဘများသည် မယုံနိုင်ဖွယ်စွမ်းဆောင်ရည်ရှိပြီး လွှမ်းမိုးနိုင်စွမ်းလည်းရှိသည့်အပြင် အလွန်သန်မာကြသည်။ သူမအနေဖြင့် ဆုံးရှုံးစရာမရှိပေ။

အဲလ်ဗစ်အပြုံးသည် တစ်စက္ကန့်လောက် အေးခဲသွားခဲ့သည်။ အဆုံးသတ်မှာ........ သူသည် သူမကို တစ်ယောက်တည်း အပိုင်မရနိုင်ချေ။ ဒီမနက် သူမနိုးလာကတည်းက လီရာကို တမ်းတရှာဖေွနေပြီး နတ်ဘုရားပြစ်ဒဏ်စင်မြှင့်တွင် သူမကြည့်သည့်ပုံစံက အလွန်ကြင်နာသည်ပုံ ပေါ်နေလေ၏။ မြေခွေးဆွဲဆောင်သည့် အနံ့နှင့်သာဆိုလျှင်.......

ဒီညတွင် လီရာသည်လည်း သူနှင့်အတူ ဂူမန်မန်၏ ပါတနာ သေချာပေါက် ဖြစ်လာလိမ့်မည်။

ထိုအရာသည် အကောင်းဆုံးအဆုံးသတ်ဖြစ်ပေမဲ့လည်း ဂူမန်မန်ကို တခြားအမျိုးသားများနှင့် မျှဝေရမည်ဆိုလျှင် ထိုသူ့ကို လီရာဖြစ်စေချင်သည်။ မျိုးနွယ်စုအမြင်အရဖြစ်စေ၊ သူ့ကိုယ်ပိုင်ခံစားချက်ကြောင့်ဖြစ်စေ လီရာသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သို့သော် သူသည် နောက်ကွယ်က အကြောင်းရင်းအားလုံးသိသော်ငြား ဤအခြေအနေနှင့် ထိပ်တိုက်တွေ့ဆုံခဲ့လျှင် သူ့နှလုံးသားမှာ နာကျင်ဆဲဖြစ်၏။

လီရာကို ရှာဖို့ရန်မစောင့်နိုင်သည့် သူ့လက်ထဲမှ ဂူမန်မန်ကို ကြည့်ပြီး အဲလ်ဗစ်အနေနှင့် စိတ်ထဲမှာ ထူးဆန်းသည့်ခံစားချက်ကို စတင်ခံစားဖူးတာဖြစ်၏။ ထိုအရာက ချဉ်စူးစူးဖြင့် သူ့အား စိတ်သောကရောက်စေပြီး စိတ်အနှောင့်ယှက်ပေးလေသည်။ အန္တရာယ်နှင့် မသက်ဆိုင်သော်လည်း သူ့အား အကူညီကင်းမဲ့မှုကို ခံစားရစေ၏။ အဲလ်ဗစ်သည် ထိုခံစားချက်သည် 'သဝန်တိုမှု' စု အမည်ရမှန်း မသိခဲ့ချေ။ သူ့ရင်ဘတ်မှာ မသက်မသာခံစားနေရခြင်းသာ သိ၏။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Donde viven las historias. Descúbrelo ahora