အခန်း (၇၁)

2.7K 287 8
                                    


အခန်း (၇၁) : ချင်မင်းဆက် ကျဆုံးခြင်း


"ထားလိုက်ပါ......" အဲလ်ဗစ်သည် မျက်မှောင်ကျုံ့လိုက်သည်။ သူမ၏ ပြက်လုံးများကို သူနားလည်ပေးနိုင်ပေမဲ့လည်း ယခုကဲ့သို့ နတ်ဘုရားအလေးပေးမှုကို မလိုအပ်ဘူးဟု သူမပြောချင်သလို ပြောခြင်းက ဖွင့်ဟ၍ မပြောအပ်ပေ။

"ကျွန်မတကယ် မလိုဘူးလေ......" ဂူမန်မန်သည် စိတ်ထဲ၌ တွေးတောလိုက်လေ၏။ တစ်ခါမှ အတွဲမရှိဖူးသည့် ဖြူစင်သော မိန်းကလေးတစ်ယောက်အနေနှင့် ကလေးအတွက် တောင်းဆုပြုခြင်းက အလွန်မြန်မနေဘူးလား.......သေပြီ..... သူမသည် နှစ်နှစ်လောက် တစ်ကိုယ်ရေတစ်ကာယ သီးခြားနေချင်သေး၏။

အလ်ဗစ်သည် တိတ်ဆိတ်စွာရှိနေပြီး ဂူမန်မန်အား စိုးရိမ်သည့်အပြုအမူဖြင့် ကြည့်နေလေသည်။ သူစိတ်မဆိုးပေမဲ့လည်း သူ့ပုံစံက လေးလေးနက်နက်နှင့် လွှမ်းမိုးနိုင်စွမ်းရှိသည့်ပုံ ဖြစ်နေလေသည်။

ဂူမန်မန်သည် သားရဲများမှ ဖိအားကို မခံစားမိပေမဲ့လည်း အနည်းဆုံးတော့ သူမသည် အခြားလူများ၏ စကားနှင့် အမူအယာများကို အရိပ်အကဲသိလေ၏။ ဒီလောကတွင် သားရဲနတ်ဘုရားသည် အကြွင်းမဲ့ သြဇာအာဏာရှိ၍ ဂူမန်မန်သည် သူမခေါင်းသာ ခါလိုက်လေသည်။

ချင်မင်းဆက်သည် ကျရှုံးသွားခဲ့ပြီးပြီ....... အားလုံးက ဘာကြောင့် အယူသည်းနေကြသနည်း....

နတ်ဘုရားတွေကို အယုံကြည်မရှိသူအနေနှင့် ဂူမန်မန်သည် သိပ္ပံသဘောတရားကို အဲလ်ဗစ်နှင့်အခြားလူများထံ ဝေမျှပေးချင်လေ၏။ သို့သော် သူမသည် အလွန်ကြောက်ရွံနေလေ၏။

သူမဘာသာတွေးမိပြီး ဂူမန်မန်သည် နတ်ဘုရားကို ဆက်လက်၍ အထင်သေးနေပါက သူမ၏ မွေးစားမိခင် အဲလ်ဗစ်သည် မိသားစုထက် လမ်းမှန်ကိုသာရွေးချယ်ပြီး သူမကို အရှင်လတ်လတ် မီးမြှိုက်ပစ်လိမ့်မည်......အို... တစ်ချိန်တည်းမှာ အသားကင်ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ဂူမန်မန်သည် လည်ချောင်းကိုရှင်းကာ အဲလ်ဗစ်နားကပ်၍ အထူးအဆန်းပုံစံဖြင့် တိုးတိုးလေးရေရွတ်လိုက်လေသည် "နတ်ဘုရားက ကျွန်မကို ကောင်းချီးအများကြီး‌ ပေးထားပြီးသား..... ကျွန်မထပ်မျှော်လင့်နေရင် အတိုင်းအတာမသိဘဲ လောဘကြီးတယ်ဖြစ်ပြီးတော့ နတ်ဘုရားရဲ့ အမျက်ဒေါသကို ခံစားရလိမ့်မယ်....."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now