အခန်း ၄

7.1K 636 1
                                    

အခန်း (၄) : သူမပါတနာကို ငါကိုယ်တိုင်ရွေးပေးမယ်

"အမသတ္တဝါလေး အမသတ္တဝါလေး ငါက ကော်လင်းပါ ငါကသန်မာတဲ့အတွက် မင်းကို ကာကွယ်နိုင်တယ် .... မင်းရဲ့ ပါတနာအဖြစ် ငါ့ကိုရွေးပါ....."

"အမသတ္တဝါလေး အမသတ္တဝါလေး ငါက ဘာရီတီပါ ငါ့မှာ ချွန်ထက်တဲ့အစွယ်နဲ့ လက်သည်းတွေရှိတယ်.... မင်းအတွက်ဆို ဘယ်လိုသားကောင်ဖြစ်ဖြစ်‌ ကောင်းကောင်းဖမ်းနိုင်တယ် မင်းသာ ငါ့ပါတနာလုပ်မယ်ဆိုရင် ဘယ်တော့မှ မဆာလောင်စေရဘူး..."

"အမသတ္တဝါလေး အမသတ္တဝါလေး..........."

အဲလ်ဗစ်ရဲ့ နှုတ်ခမ်းက တွန့်ချိုးသွားခဲ့တယ်။ အကယ်၍ အားလုံးကသာ အသိစိတ်လွတ်လောက်တဲ့အထိ ဂူမန်မန်ရဲ့ အလှတရားမှာ တမ်းတမ်းစွဲမဖြစ်နေခဲ့ရင် သူတို့တွေ သူဒေါသထွက်တော့မှာကို သတိပြုမိကြလိမ့်မယ်။ ဒါက အန္တရာယ်နီးကပ်လာတဲ့ လက္ခဏာဆိုတာ ထင်ရှားတယ်။

ဒါပေမဲ့လည်း ကြည့်ရတာ အထီးတွေက ဘယ်ကမ္ဘာရောက်ရောက် ရမ္မက်ကြီးတဲ့သူတွေအဖြစ်ရှိနေဆဲ ဖြစ်တယ်။

ဂူမန်မန်က ခန့်ညားတဲ့ယောကျာ်းသားတွေဝိုင်းနေတဲ့ 'ဟယ်လန်ထရိုင်း' ဖြစ်ဖို့ စိတ်ကူးယဉ်ခဲ့ပေမဲ့ အမှန်တကယ်ကြုံတွေ့လာတဲ့အခါမှာ သူမက ရှော့ရသွားခဲ့တယ်။ တုန်လှုပ်စွာနဲ့ သူမက အဲလ်ဗစ်ရဲ့လက်မောင်းဆီ ပိုတွန်းဝင်မှီလိုက်တယ်။ သူ့လည်ပင်းကို သူမလက်နဲ့သိုင်းဖက်ထားလိုက်ရင်း အဲလ်ဗစ်ရဲ့ လည်ပင်းဆီသူမမျက်နှာဝှက်ထားလိုက်ပြီး တိတ်တိတ်နေဖို့ဆုံးဖြတ်လိုက်တယ်။

အဲလ်ဗစ်က သူ့မျိုးနွယ်စုတချို့ကို ရိုက်ခါနီးဆဲဆဲမှာ သူ့လက်က လေထဲမှာ တစ်ဝက်တစ်ပျက်ရပ်တန့်သွားခဲ့တယ်။ သူ့လည်ပင်းမှာ ခံစားလိုက်ရတဲ့ နူးညံ့ပြီး ညင်သာတဲ့ အသက်ရှုနှုန်းလေးက သူ့ကိုမေ့မြောသွားစေတယ်။ တမူထူးခြားပြီး စွဲမက်စရာကောင်းတဲ့ အမ အနံ့က သူ့ကိုနှောင့်ယှက်နေပေမဲ့လည်း ဂူမန်မန်ရဲ့ ယူံကြည်မှုနဲ့ မှီခိုမှုက သူ့ကို တင်းတင်းကျပ်ကျပ်ဖတ်ထားတဲ့သူမလက်က ရှင်းရှင်းလင်းလင်းဖော်ပြနေလေတယ်။

မငြင်းပယ်နိုင်လောက်အောင် သူမမှီခိုတာ ခံရတဲ့ခံစားချက်ကို သဘောကျတယ်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now