အခန်း (၆၈) : ဂူမန်မန်၏ အတွေးရိုင်းများ
မီးပုံပွဲကို မဖျက်သိမ်းခင်အထိ အချိန်ဆွဲထားတာ အကောင်းဆုံးဖြစ်၏။ သားရဲလောကတွင် ဂူမန်မန်သည် ပထမဆုံးပါတနာကို ရှာဖွေရန် ဆန္ဒမရှိချေ။ တစ်ရက်ကျ သူမပြန်သွားခဲ့လျှင် သူမလက်ထဲက သတ္တဝါလေးသည် အိမ်မွှေးးတိရစ္ဆာန်မဟုတ်ဘဲ သူမကလေးဖြစ်ကြောင်း တခြားသူတွေကို မည်သို့ရှင်းပြရမည်နည်း။
"ခေါင်းဆောင် ဒီဝတ်စုံကို ဘယ်ကယူလာတာလဲ..... ကျွန်မနဲ့ကွက်တိပဲ...."
"မင်းအတွက် ငါချုပ်ပေးထားတာ....." အဲလ်ဗစ်သည် တည်ငြိမ်စွာဖြေလိုက်ပေမဲ့ သူမျက်လုံးထဲတွင် မျှော်လင့်ချက်အနည်းငယ် ရှိနေလေ၏။
သူမ ကြိုက်တယ်လား.... သူမက သဘောကျတယ်မလား....
"ဝိုး..... မဆိုးဘူး... ခေါင်းဆောင် ..... ရှင်က အရမ်း တော်တယ် (အင်တာနက်ပေါ်တွင် နျူဆိုသောအသုံးသည် အရမ်းကောင်းသည် သို့မဟုတ် အလွန်တော်သည် ကိုသုံးတာဖြစ်ပြီး တိုက်ရိုက်ဆိုလိုလျှင် နွား ဟူ၍ ဖြစ်သည်) အဝတ်ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်...." ဂူမန်မန်ပါးစပ်သည် တွန့်ချိုးသွားပြီး အတွေးထဲ စုန်းစုန်းမြှပ်သွားခဲ့သည်။
မူလက သန်မာသည့်အဲလ်ဗစ်သည် 'အပေါ်' ဖြစ်ပြီး ပန်းပွင့်လေးလို နူးညံ့လှသည့် လီရာသည် 'အောက်' မှ ဖြစ်ရမည်ဟု သူမတွေးထင်ခဲ့မိသည်။ သို့ပေမဲ့ အနေအထားက ပြောင်းပြန်ဖြစ်သွားခဲ့လေ၏။ ဂူမန်မန်အနေနှင့် ခေါင်းဆောင်သည် သူ့စိတ်နေစိတ်ထားအရ အဝတ်ပြုလုပ်နည်းကို သိမည်ဟု မမျှော်လင့်မိခဲ့ချေ။
ဂူမန်မန်သည် အဲလ်ဗစ်က ကုတင်ဘေးမှာ အပ်နှင့်အပ်ချည်ကို ချုပ်နေစဉ် လီရာသည် ကုတင်ပေါ်တွင် လဲလျောင်းလျက်ရှိနေလေသည်။ ထို့နောက် ခြေတစ်ဖက်ကို ကုတင်ဘေးချလိုက်ရင်း ခေါင်းကိုစောင်းကာ သူ့အတွက် အဝတ်ချုပ်လုပ်ပေးနေသည့် အဲလ်ဗစ်ကို ညင်သာစွာပြုံးရင်း တိတ်တခိုးကြည့်နေလေသည်။
ဖူး.......
ဂူမန်မန်သည် သူမနှာခေါင်းသွေးထွက်လာသည်ဟု ခံစားလိုက်ရသည်။ သေစမ်း.... ဘယ်လိုမြင်ကွင်းလဲ..... သူမသွေးအားက ကုန်သလောက်ဖြစ်နေလောက်ပြီဟု ခံစားမိလိုက်သည်။ သူမ ဘာလုပ်သင့်လဲ..... အရေးကြီးသည်.... တစ်ယောက်ယောက် ဖြေကြားပေးဖို့ စောင့်မျှော်နေတယ်.......
YOU ARE READING
အလှလေးရှောင်မန် (Beauty and the Beast) Book 1
RomancePoster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေကူးပြီးနောက် သူမက ရှေးကျတဲ့ သားရဲကမ္ဘာကို ရောက်လာခဲ့ပြီး ခန့်ညားချောမောတဲ့ ဝံပုလွေတစ်ကောင်က သူမကို ခ...