အခန်း (၂၃)

3.7K 357 4
                                    


အခန်း (၂၃) : အငြိုးထားသော ရည်ရွယ်ချက်


ဂူမန်မန်သည် အကြာကြီးတွေးခဲ့ပေမဲ့ ဒီစကားကိုသာ ပြောထွက်ခဲ့သည် "ရှင် ကျွန်မကို မကြိုက်တာကောင်းမယ်"

ဘာရီတီသည် မှင်သက်သွားပေမဲ့ သူမ ရုပ်သိမ်းချင်နေသည့်လက်ကို ချက်ချင်းဖမ်းဆုပ်ထားလိုက်ပြီး ပြောလိုက်သည် "ငါက အရမ်းသန်မာတယ် မရှုံးဘူး"

ဂူမန်မန်သည် ခေါင်းကို ခါလိုက်ရင်း "ကျွန်မက ရှင့်စွမ်းရည်ကို သံသယဖြစ်နေတာ မဟုတ်ဘူး.... ရှင့်ကိုဝင်မပတ်သတ်စေချင်ဘူး..... ရှင်ပြောသလိုဆိုရင် ကျွန်မက အသက်မပြည့်သေးတဲ့ မိန်းကလေးဖြစ်တဲ့အတွက် နီနာပါတနာဘယ်လောက်စိတ်ဆိုးနေပါစေ ကျွန်မကို ထိခိုက်အောင်လုပ်လို့မရဘူး။ ကျွန်မအတွက် ရှင်မစွန့်စားသင့်ဘူးလေ လက်သီးမှာ မျက်လုံးရှိတာလဲမဟုတ်....တိုက်ပွဲကျ အနိင်ရသူက သေချာတဲ့ကိစ္စမှ မဟုတ်တာ"

ဘာရီတီက ထပ်ဖြည့်စွက်ပြောချင်ပေမဲ့ ဂူမန်မန်က သူမနှုတ်ခမ်းလေးကို အားဖြင့်ဖိကပ်ရင်း ရှက်ပြုံးလေးပြုံးလိုက်သည် "ဘယ်လိုဖြစ်ဖြစ် ကျွ်မက ထွက်သွားဖို့ ပြင်ပီးပီ.... နီနာပါတနာက သူမရဲ့ လက်ရှိအခြေအနေကို ထားပစ်ခဲ့ပြီး ကျွန်မနောက်လိုက်ဖမ်းနိုင်မှာ မဟုတ်ဘူးမလား"

"မင်း.... မင်းက အခုထိ ထွက်သွားဦးမှာလား" ဘာရီတီက အနည်းငယ်စိတ်ပျက်သွားခဲ့သည်။ ဂူမန်မန်က သူ့အား သဘောကျသည်ဟု မှတ်ယူခဲ့ပေမဲ့ သူမအတွက် တိုက်ခိုက်ဖို့ အခွင့်ရေးပေးမည့်အစား တစ်ယောက်တည်းထွက်သွားချင်နေတာလား.....

"ကျွန်မက ဒီနေရာမှာ မပိုင်ဆိုင်ဘူး။ မကြာခင် ထွက်သွားရမှာ" ဂူမန်မန်က မတ်တပ်ရပ်လိုက်ပြီးနောက် သူမတင်ပါးရှိ ဖုန်ခါလိုက်ရင်း ဘာရီတီနားရွက်နား ကပ်ပြောလိုက်သည် "ကျွန်မကို ကာပေး"

ဘာရီတီက ဂူမန်မန်အစာအိမ် ဖိပြီး အော်မငြီးခင်အထိ တုံ့ပြန့်ဖို့ အချိန်မရှိခဲ့ချေ။ "အား....အား... အစာအိမ်အောင့်လိုက်တာ အရမ်းအောင့်တာပဲ"

"မန်မန်..." ဘာရီတီက သေမလောက်စိုးရိမ်သွားလေသည်။ သူမအား ပွေ့ချီပြီး လီရာဆီပို့မဲ့ဆဲဆဲမှာ ဂူမန်မန်က မျက်လုံးမှိတ်ပြပြီး အချက်ပြလိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now