အခန်း (၅၇)

2.9K 325 6
                                    


အခန်း (၅၇) : ထိုအချိုးမပြေသည့်သူက ဘယ်သူလဲ

"ဒီကိုလာ...." အဲလ်ဗစ်က ဂူမန်မန်ကို လက်ဝှေ့ပြပြီး ပြောလိုက်သည် "မင်းနိုးနေတာ ငါသိတယ်...."

ဆက်လက်၍ အိပ်ချင်ယောင်ဆောင်ဖို့ စဉ်းစားနေသည့် ဂူမန်မန်သည် သူမမျက်လုံးများ ဖွင့်ရန်အပြင် တစ်ခြားရွေးချယ်စရာ မကျန်တော့ပေ။ သူမသည် ကောက်ရိုးပုံမှ လှိမ့်ကာ ထလိုက်ပြီး အနေခက်စွာ ပြုံးလိုက်ရင်း ရိုးကျိုးသည့် အမူအယာဖြင့် "ခေါင်းဆောင်...."

"ဒီနေ့ည ဘယ်သူကို ရွေးမှာလဲ..." အဲလ်ဗစ်၏ပုံရိပ်သည် အရိပ်ထဲတွင် မပြတ်မသားဖြစ်ပေါ်နေပြီး ဂူမန်မန်သည် သူ့ကို နီးကပ်သည့်အကွာဝေးကပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။

"ဟမ်..." ဂူမန်မန်၏ နှလုံးသားက အဲလ်ဗစ်စကားကြောင့် တစ်စက္ကန့်လောက် ရပ်တန့်သွားခဲ့၏။

ဒီည သူမက ဘယ်သူကို ရွေးရမှာလဲ...... အရှင်ဘုရင်က အိပ်ဖို့ရန် ကိုယ်လုပ်တော် ရွေးချယ်သလိုလား.... လီရာ၏ ဒွိဟဖြစ်စရာအပြုအမူနှင့် စွဲဆောင်မှုရှိသည့် စကားတို့သည် ဂူမန်မန်၏ စိတ်ထဲ ပြန်ပေါ်လာပြီး သူမမျက်နှာက အလိုလို ရှက်သွေးဖြာလာခဲ့သည်။

သေပြီ...... လီရာက အမြင့်ဆုံးတောင်ထိပ်က ထူးကဲသာလွန်သည့် ပန်းနှင့် တူပေသည်။ သို့ပေမဲ့ ဘာကြောင့် သူက ပရော်ပရည်လုပ်နည်းကို သိနေရတာလဲ....... ဆိုးရွားသည့် လွှမ်းမိုးမှုက ငါ့ခေါင်းဆောင်ဆီတောင် ကျရောက်လာခဲ့တယ်.......အရင်လို အေးစက်ပြီး ဘာမျှစိတ်မဝင်စားသည့် ခေါင်းဆောင်ကို ပြန်ပေးကြပါ..... ထိုအချိုမပြေ ခွတီးခွကျနိုင်သည့် အမျိုးသားက ဘယ်သူလဲ...... အခု ထိုသူက ခေါင်းဆောင်အတု ဖြစ်ရမည်

ဂူမန်မန်သည် မျက်နှာ အမူအယာကို ချူပ်ထိန်းမထားဘဲ တိတ်တဆိတ် အပြစ်တင်ဝေဖန်လိုက်သည်။ ထို့ကြောင့် သူမမျက်နှာပေါ်ရှိ ရိုးကျိုးမှုက ပျောက်ကွယ်သွားပြီး ကိုးရို့ကားယားဖြစ်မှုသာ ကျန်ရှိလေ၏။

အဲလ်ဗစ်သည် ဂူမန်မန်ကို သူ့လက်ထဲ ဆွဲခေါ်လိုက်ပြီး သူ့၏ မျှော်လင့်စောင့်စားနေသည့် ပုံကို မမြင်စေရန် အလို့ဌာ သူ့မေးဖျားကို သူမခေါင်းပေါ်တင်ထားလိုက်သည်။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now