အခန်း (၉၆)

2.3K 211 3
                                    


အခန်း (၉၆) : မျှတသည့် ခေါင်းဆောင်


သိသာစွာပင် စန္ဒီသည် လိင်ခွဲခြားခြင်းဆိုသည်ကို နားလည်ခဲ့ပေ။ အကြောင်းရင်းက သားရဲလောကတွင် အမျိုးသမီးများသည် သယံဇာတအားလုံးကို အမြဲတမ်း အရင်သုံးစွဲခွင့်ရသည်က မှန်ကန်သည့် နည်းလမ်းဖြစ်ပေသည်။

သို့သော်လည်း......

သားရဲလောကတွင် အမျိုးသမီးများသည် အလိုကြီးကြသည်ကလည်း ဖြစ်လေ့ရှိသည့် ကိစ္စရပ်ဖြစ်ပြီး အထူးသဖြင့် ဂူမန်မန်သည် ပထမတန်းစား အလှပဂေးလေးဖြစ်သည်။ သူတို့ မည်သည့်အရာကို အလိုရှိသည်ဖြစ်စေ သူတို့ရအောင်လုပ်လိမ့်မည်။ ရေလွန်းပျံကို အသာထား... ဂူမန်မန်သည် မြေကြီးပေါ်မှ ကျောက်တုံးကို ကောက်ယူပြီး ထိုအရာက စားကောင်းသောက်ဖွယ်ဟု ပြောလျှင်ပင် အမျိုးသားများသည် အမှုန့်ဖြစ်သည့်အထိ ဝါးစားရင်း အရသာကောင်းလှသည်ဟု ဆိုလိမ့်မည်။

အမျိုးသားများသည် အရသာဆိုးရွားသည်များကို စားကြရသောကြောင့် စန္ဒီသည် ထပ်၍ မငြင်းပယ်ဘဲ ဂူမန်မန်နှင့် ဆော့ကစားနေသည်ဟုသာ ဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူမသည် ခေါင်းကို ညိတ်ပြီး ပြောလိုက်သည် "ကောင်းပြီ.... အဲဆို နင်ပြောတဲ့အတိုင်း ငါလိုက်လုပ်မယ်..... ဒါပေမဲ့ ရေလွန်းပျံကင်ပြီးတာနဲ့ အသားလဲ ကင်စားကြမယ်နော်....."

"အင်းအင်း...." ဂူမန်မန်သည် ခေါင်းကို ညိတ်ပြလိုက်ပြီး စန္ဒီနောက်မှ အဲလ်ဗစ်၊ လီရာ၊ ဘိုဒီနှင့် အနီးသို့လာချင်သော်လည်း ကြောက်ရွံ့နေသည့် စန္ဒီ၏အခြားအမျိုးသားများကို ကြည့်လိုက်သည်။ သူမသည် မေးကိုကိုင်ရင်း ခိုးကြောင်ခိုးဝှက်ပြုံးလိုက်သည် "အဲလ်ဗစ်ကို အားလုံးအတွက် ပြင်ဆင်ခိုင်းလို့ မဖြစ်ဘူးလေ... နင့်မိသားစုရဲ့ တချို့ကို ကူညီဖို့ မေးကြည့်ရင် ဘယ်လိုလဲ...."

စန္ဒီသည် ဘိုဒီကိုလှမ်းကြည့်လိုက်ပြီး သူမသည် ခေါင်းညိတ်ချင်သော်လည်း တွေဝေစွာ အဲလ်ဗစ်နှင့်လီရာတို့အား မျက်လုံးထောင့်မှ ချောင်းကြည့်လိုက်သည်။ ထို့နောက် ဂူမန်မန်အနားသို့ ကပ်ကာ တိုးတိုးလေး ရေရွတ်လိုက်သည် "ကူညီတာက အဆင်ပြေတယ်.... ဒါပေမဲ့ အရင်ဆုံး အဲလ်ဗစ် သဘောတူဖို့ လိုတယ်...."

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now