အခန်း (၇၅)

2.6K 243 2
                                    


အခန်း (၇၅) : စိတ်မနှံ့သော အရွယ်ရောက်ပွဲအခမ်းအနား


"ဘယ်.....ဘယ်သူကိုမှ မရိုက်နှိက်ပါနဲ့လား......" ဂူမန်မန်သည် ခေါင်းကိုခါရင်း‌ အော်လိုက်ပေမဲ့ သူမအော်ဟစ်မှုက အရာမရောက်ပေ။ မျှော်စင်အောက်ရှိ အမျိုးသားများသည် အားကုန်သုံး၍ အပေါ်တက်လာရန် ကြိုးစားနေဆဲဖြစ်ပြီး လီရာမှ တစ်ယောက်ပြီး တစ်ယောက် ပစ်ချနေလေသည်။ လီရာသည် သေမင်းကဲ့သို့ မတ်မတ်ရပ်နေဆဲဖြစ်ပြီး သူ့လက်သည်းမှ သွေးများစီးကျနေသည်။ သို့ပေမဲ့ သူ့မျက်နှာပေါ်တွင် အေးချမ်း၍ ညို့ယူနိုင်ဖွယ် အပြုံးကို ချိတ်ဆွဲထားဆဲ ဖြစ်၏။

ထိုသည်က လီရာလက်တွင် နဇိုင်းရယ်မျိုးနွယ်စုရှိ လက်တွဲဖော်များ၏ သွေးကို ပထမဆုံး ပေဖူးတာဖြစ်၏။

"ခေါင်းဆောင်.... မြန်မြန် လီရာကို တားပါဦး..... သူတို့တွေက ကျွန်မတို့ အထဲကပဲလေ.......ဘာလို့ ဒီလိုအဆုံးသတ်ရမှာလဲ....." ဂူမန်မန်သည် ကြောက်ရွံနေသည့် ကြောင်ပေါက်လေးကဲ့သို့ အဲလ်ဗစ်ရင်ခွင်ထဲတွင် ကွေးကွေးလေးနေရင်း မေးလိုက်သည်။

"မင်းက နဇိုင်းရယ်မျိုးနွယ်စုထဲက လူလွတ်အမျိုးသားတိုင်းကို မင်းပါတနာအဖြစ်မယူချင်သရွေ့ ငါ လီရာကို မတားနိုင်ဘူး..... ဒီတိုက်ပွဲက သူတို့ဘာသာလက်လျော့ရင်လျော့ မဟုတ်ရင် ထပ်တက်မလာတဲ့အခါမှ ပြီးဆုံးလိမ့်မယ်....." အဲလ်ဗစ်၏ အမူအယာက လေးနက်နေသည့်အတွက် စနောက်နေခြင်းနှင့် တစ်စက်လေးမှ မတူချေ "နဇိုင်းရယ်မျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့ ငါတောင် အခြားအမျိုးသားတွေဆီက မင်းကို လုယူဖို့ မလုပ်ဆောင်နိုင်ဘူး....."

ဂူမန်မန်သည် ခေါင်းကိုခါကာ "ဒါပေမဲ့ ကျွန်မမှ သူတို့ကို ပါတနာအဖြစ် မရွေးချယ်တာ..... ဒီဒဏ်ရာတွေက အဓိပ္ပါယ်မရှိဘူးလေ..... "

အဲလ်ဗစ်သည် ဂူမန်မန်နှုတ်ခမ်းပေါ်တွင် သူ့လက်ချောင်းဖြင့် ထိကပ်ထားလိုက်ကာ ခေါင်းနောက်မှ သူမကို သိမ်းဖက်ထားလိုက်သည်။ ဂူမန်မန်၏ မျက်နှာလေးသည် အဲလ်ဗစ်နှုတ်ခမ်းအနီးသို့ ပို့ဆောင်ခံလိုက်ရ၏။

အလှလေးရှောင်မန် (Beauty and the Beast) Book 1Where stories live. Discover now