အပိုင်း ၁ နိဒါန်း / နိဒါနျး

13.9K 1.3K 33
                                    

အပိုင်း၁ နိဒါန်း

"စစ်ဆင်ရေးက အရင်အတိုင်းပဲ ဆက်သွားမယ် မင်းအခု သွားလို့ရပြီ" နားကြပ်မှ တစ်ဆင့် တိုနီ၏ ဂျစ်တစ်တစ်အသံ ထွက်ပေါ်လာသည်။

အမျိုးသား၏ ပါးစပ်အစွန်းများက အပေါ်သို့ ကွေးတက်သွားလေသည်။ အနက်ရောင်ကုတ်အကျီအရှည်တစ်ထည် ဝတ်ဆင်ထားပြီး အဲဒိအောက်မှာကတော့ ဆူဖြိုးမို့မောက်နေသော ကြွက်သားများကို ဖုံးကွယ်ထားသည့် စွပ်ကျယ် တစ်ထည်လည်း ရှိသေးသည်။ သူ့ရဲ့ တယောအိတ်ကို ကောက်မပြီး ကားထဲမှ ထွက်လာကာ မည်းမှောင်နေသည့် ရုံးအဆောက်အဉီး ထဲကို လှမ်းဝင်လာစဉ် သီချင်းလေးတစ်ပုဒ်လည်း လေချွန်လိုက်သေးသည်။


ထိုလူက ရုံးထဲကို ချောချောမွေ့မွေ့ ဝင်ရောက်သွားပြီး တယောအိတ်ကို ချလိုက်သည်။ လေ့ကျင့်ထားသည့်အတိုင်း ချောမွေ့နေသော လှုပ်ရှားမှုများနှင့် အပိုင်းအစအပုံလိုက်ကလေးကို အလွန်အမင်း သေစေနိုင်လောက် အန္တရာယ်ရှိသည့် Walther WA2000 အဖြစ် တပ်ဆင်လိုက်သည်။

မျက်နှာချင်းဆိုင် လမ်းပေါ်မှ စားသောက်ဆိုင်ကတော့ လင်းထင်းနေကာ ကျောက်ပန်းဆွဲမီးဆိုင်းကြီး၏ အောက်တွင် နာမည်ကျော်အနုပညာရှင်များနှင့် ဂုဏ်သရေရှိလူကြီးများစွာမှ ပျော်ရွှင်စွာ စားသောက်လို့ နေသည်။ စနိုက်ပါ ရိုင်ဖယ်ကို ကောက်မလိုက်သည့် အခါမှာတော့ အချိနိတွေ ကုန်ဆုံးတာက သူနှင့် မဆိုင်တော့သည့်အလား မလှုပ်မယှက်နိုင်သော ရုပ်တုကြီးလို ဖြစ်သွားသည်။

ရုတ်တရတ် ဆူဖြိုးဖြိုးနှင့် ဥ​ရောပသားတစ်ဉီးက ရိုင်ဖယ်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ ဝိုင်တစ်ခွက်ကို ကိုင်ကာ လူတစ်ချို့နှင့် ရယ်မော ပြောဆိုနေသည်။ အခု ! ဥရောပသားက ကိုယ်ကို တစ်ပန်လှည့်လိုက်ကာ တစ်ကိုယ်လဲး ပေါ်ထွက်လာသည် အဲဒိနောက် တန့်ခနဲ ဖြစ်သွားပြီး ပျော့ခွေကာ လဲကျသွားသည်။

အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသားက သေနတ်ကို တစ်ချက် အနမ်းလေးပေးလိုက်ပြီးမှ သူ့လက်နက်ကို သွက်လက်ဖြတ်လတ်စွာ ပြန်ဖြန်လေသည်။ တယောအိတ်ကိုပိတ်ကာ စားသောက်ဆိုင်ထဲမှ ထွက်လာသော အော်ဟစ်သံ ငိုကြွေးသံများကို အေးစက်စွာ ကျောခိုင်းလို့ ညအမှောင်ထဲတွင် တစ္ဆေ သူရဲတစ်ကောင်လို ပျောက်ကွယ်သွားသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now