အခန်း ၆၁ အမှုမရှိခင် အားလပ်ချိန်လေး ၃

3.6K 694 16
                                    

Chapter 61 အခန်း ၆၁ အမှုမရှိချိန်လေးများ ၃

 ဒီအပိုင်းလေးကတော့ ကိုယ်တို့ရဲ့ ရှောင်ကျင်လေး အမေရိကန်ကို သုံးရက်ခရီးထွက်ပြီး ပြန်လာပြီး နောက်တစ်နေ့ပါတဲ့။

ဝမ်ကျင်းဟန်က စိတ်လှုပ်ရှားစွာနှင့် အားလုံးကို “ကိုယ့်လူတို့၊ သတင်းကောင်းလေး ကြေငြာစရာ ရှိတယ်”

လူတိုင်းက ချက်ချင်းကို စိတ်လဲ ဝင်စားသလို ကြက်သီးတွေလဲ ထကုန်သည်။ အား မတတ်နိုင်ဘူးလေ ကိုယ့်ကိုကိုယ်ပဲ တွန်းအားပေးပြီး ဟန်ဆောင်ရတော့မှာပဲ။

“လူတိုင်းက အခုတလော အလုပ်တွေ အရမ်းကြိုးစားကြတယ်။ အချိန်ပိုတွေလဲ ဆင်းထားကြရတာ။ ငါတို့ ရဲ့ အမှုတွေကလဲ အကုန်ပိတ်ပြီးသားဆိုတော့ကာ… အပြင်လေးထွက်ပြီး စားကြသောက်ကြနဲ့ အပန်းလေး ဖြေကြရအောင်၊ ဒကာကလဲ ငါပဲ ခံမှာပါ”

“ငါတို့ ဘာစားကြမလဲ” ဒီတစ်ခါတော့ လင်းပိုင်ရဲ့ အာရုံက စံထားလောက်သည်။

“ဘာဘီကျူ့”

“ဘယ်မှာသွားစားကြမှာလဲ” ကျန်းဖေးကတော့ သူ့ရဲ့ ထောက်ခံမှုကို အပြည့်အဝ ပြသလိုက်သည်။

“Sunlight Forest”

“ဝိုး…” အားလုံး ရွှင်လန်းကုန်သည်။

Sunlight Forest မှာ သစ်တော စိုက်ခင်းဧရိယာ ပင် ဖြစ်သည်။ စိုက်ခင်းပုံစံမှာ အလွန်ထူးခြားကာ အထဲတွင်လဲ စားသောက်ဆိုင် တစ်ခု ဖွင့်လားသည်။ ရာသီဥတု သာယာချိန်တွင် စိမ်းလန်းစိုပြေနေသော သစ်တောအတွင်း ရေကန်ဘေး ဒါမှမဟုတ် ပန်းခင်းများဘေးတွင် စားပွဲခုံများ ခင်းကျင်းကာ စားသောက်နိုင်သည်။ ရာသီဥတု မသာလျှင်တော့ ဆိုင်ပတ်ပတ်လည်ကို မှန်များဖြင့်ကာရံကာ လိုက်ကာများ တပ်ဆင်ထားသည့် ခန်းနား နွေးထွေးလှသော စားသောက်ဆိုင်ထဲတွင် စားသောက်နိုင်ပေသည်။ စားသောက်ဆိုင်၏ အဓိက စားဖွယ်များကိုက လတ်ဆတ်လှသော လေနှင့် ရိုမန်တစ် ဆန်လှသော သဘာဝကြီးပင်။ ဈေးနှုန်းကတော့ ..ဒါပေါ့ သိပ်တော့ ဈေးမပေါလှပေ။ ဝမ်ကျင်းဟန် အတွက် ဆိုလျှင်တော့ ဒါက သင့်တော်လှသော ပမာဏပေမို့ လူတိုင်းက ထိုစားပွဲကို မျှော်လင့်လှသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedOù les histoires vivent. Découvrez maintenant