အခန်း ၉၈ စတူဒီယိုမှ ထိတ်လန့်ဖွယ် ၈

1.9K 376 9
                                    

Chapter 98 အခန်း ၉၈ စတူဒီယိုမှ အထိတ်တလန့် (၈)

“ရိုက်ကွင်းက လူတွေနဲ့ ကော်ဇီကျန့်ရဲ့ အေးဂျင့်နဲ့ လက်ထောက်တို့ပြောပုံ အရဆိုရင် ကော်ဇီကျန့်က အခုတလော တော်တော်လေး အဆင်ပြေနေတယ်တဲ့ ကြွားရတာလဲ သဘောကျတယ်။ ဒါပေမယ့် ဒီအသိုင်းအဝိုင်းမှာက ဒီလို လူတွေက အများကြီးပဲ ဆိုတော့ တစ်ယောက်ယောက် ဒေါသထွက်ပြီး သတ်ရလောက်အောင်တော့ မဖြစ်နိုင်ဘူး” ကူရှန်းက ဆက်ပြောပြသည်။ “ကော်ဇီကျန့် ဘာလို့ ခပ်မြန်မြန်နဲ့ နာမည်ကြီးလာရသလဲ ဆိုတာကတော့ သူ့အေးဂျင့်ပြောတာတော့ သူတို့ ကုမ္ပဏီက သူ့ကို တော်တော်လေး ပံ့ပိုးပေးတယ်လို့ ပြောတာပဲ”

တင်တင်က ဆက်ပြောသည်။ “တကယ်က အိမ်ခြံမြေကုမ္ပဏီတစ်ခုက ဥက္ကဌတစ်ယောက်က သူ့ကို ထောက်ပံ့ပေးနေတာတဲ့။ သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ သူများပြောတာ ကြားရတာပဲ”

ကွမ်ကျင်က ဟွန့်ခနဲ လုပ်ကာ “အဲဒိက မင်ယန် စပွန်ဆာ ပေးထားတာ လူတွေမှ အများကြီး သူ သဘောကျတဲ့ ရည်းစားတွေအကုန်ကို လိုက်ပံ့ပိုးနေတာ ”

 အားလုံးက သူ့ကို တအံတသြတွေ ကြည့်နေကြသည်။

“ကွမ်ကျင် အဲဒါက သူများတွေ ပြောတဲ့ စကားလား စုံစမ်းလို့ ရတဲ့ ရလာဒ်လား” ကျန်းဖေးက အားလုံးတွေးနေတာကို မေးပေးလိုက်သည်။

ကွမ်ကျင်က ပခုံးကို ဆတ်ခနဲ တွန့်ကာ “အမှန်ပဲလေ”

ဝမ်ကျင်းဟန်ကတော့ သူနှင့် မင်ယန်ကြားက ခင်မင်မှုကို နည်းနည်းတော့ သိထားတာမို့ ပြုံးကာ “ငါလဲ ကွမ်ကျင့်ရဲ့ သတင်းအရင်းအမြစ်ကို အတည်ပြုပြီးသား၊ ဒါ တော်တော်လေး တိကျတာ”

“သူ့မှာ မိသားစု ရှိလား” ချန်ချောင်ယွီက မေးလိုက်သည်။

“မရှိဘူး။ အိမ်ထောင်မကျသေးဘူးလေ။ သူ့အိမ်ထောင်ဖက် ဖြစ်ရဖို့ အဲဒိလူတွေကြားမှာ အပြိုင်အဆိုင်တွေ ဖြစ်နေမှာလို့ တွေးနေတာမလား ဒါပေမယ့် အဲလို ကိစ္စမျိုး မရှိဘူး”

“ရှူတင်က ဝန်ထမ်းတွေကတော့ ဟိုရက်က ယန်ချင်နဲ့ သူနဲ့ပြောတဲ့ စကားတွေကို မှန်တယ်လို့ ပြောကြတယ်။ အဲဒိနေ့က ကော်ဇီကျန့်ရဲ့ အပြုအမူတွေကိုလဲ မှန်တယ်လို့ ပြောသွားသေးတယ်။ နှစ်နာရီ နောက်ပိုင်းကတည်းက နည်းနည်းလောက် သွားအိပ်လိုက်ဦးမယ် မနှောင့်ယှက်နဲ့လို့ ပြောသွားတယ်တဲ့” ကူရှန်းက ဆက်ပြောလိုက်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now