အခန်း ၁၂၆ Still Waters and Bitter Cold ၁၉
နောက်တစ်ရက် ကျားမာန်တွင် သာမာန်နေ့တစ်နေ့နှင့် အနည်းငယ် ကွာခြားနေသည်ဟု ထင်ရသည်။ အဆောက်အဦးထဲတွင် လှုပ်လှုပ်ရှားရှား လုပ်နေသော လူအချို့ရှိနေသည်။ ကျန်သည့် သူတွေကတော့ သူတို့ အခန်းထဲတွင်သာ နေရကာ အခွင့်မရှိပဲ အပြင်ထွက်ခွင့် မရှိပေ။ ဒီလို အခြေအနေမျိုးမှာ တစ်နှစ်ကို တစ်ကြိမ် နှစ်ကြိမ် ဖြစ်နေ နေကျပေမယ့် ဒီတစ်ခေါက်ကတော့ တော်တော်လေး အချိန်လဲ ကြာကာ လှုပ်ရှားမှုလဲ တော်တော်များသည်။
ဝမ်ကျင်းဟန်ကတော့ ဒါက ဘာကြောင့်မို့ ဆိုတာ ကောင်းကောင်းသိသည်။ ဘာလို့ဆို မြို့စားကြီး၏ လူတွေ လှုပ်ရှားပြီလေ အိုးချန်၏ ပစ္စည်း အသုတ်ကြီး တစ်သုတ် ဒီညထွက်လိမ့်မည်။ ဝမ်ကျင်းဟန်ကတော့ အဝေးမှာ ရပ်ကာ ဒီလူတွေ ပျက်စီးရာပျက်စီးကြောင်း လမ်းကြောင်းကို တရွေ့ရွေ့သွားနေသည်ကို အေးစက်စက် ရှုစားနေသည်။
"ဟေ့ သူတို့ အလုပ်ရှုပ်နေတာကို မင်းဘာအရှုပ်တွေ ထပ်ပေးနေတာလဲ" အပြင်ကို ပြေးထွက်ဖို့ ပြင်နေသည့် မောယန်ကို လှမ်းအော်ပြီး ဝမ်ကျင်းဟန် မေးလိုက်သည်။
မော့ယန်က သူ့ကို မကြည်သလို ကြည့်ကာ "ဘာကို အရှုပ်တွေ ထပ်ပေးတာလဲ? လူတိုင်းကို မင်းလို များထင်နေလား မင်းကမှ ချန်ကောကို မကူတဲ့အပြင် ရှုပ်နေတာ"
ဝမ်ကျင်းဟန်က ခေါင်းခါကာ "မင်းကို အကြံတော့ ပေးဦးမယ်။ ကိုယ် ဘာကောင်လဲဆိုတာ မမေ့စေနဲ့။ အိုးချန်က မင်းကို သူ့လူလို့ တစ်ခါမှ မစဉ်းစားဘူး။ မင်းကို ကောင်းတဲ့ အရာလို့တောင် စဉ်းစားချင်မှ စဉ်းစားမယ်ကွာ။ ဒီတော့ မင်းဘယ်သူဆိုတာ သေချာ မှတ်မိအောင်လုပ်။ မင်းကလဲ မတရားခံရတဲ့သူ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ဖို့ လိုတယ် နားလည်လား" ပြီးတာနှင့် နောက်ပြန်လှည့်မကြည့်ပဲ ထွက်ခဲ့တော့သည်။
မော့ယန်ကတော့ နေရာမှာတင် ကြောင်တောင်တောင်လေး ကျန်ရစ်ခဲ့သည်။ သူ့ရဲ့ အချိန်မရွေးသည့် ဒေါသ ထွက်လာရမည့် အစား သူ့ ကြည့်ရသည်မှာ စိတ်ရှုပ်နေပုံတောင် ရသည်။
ဝမ်ကျင်းဟန်က တော့ ဘာမှကို ထပ်ပြောချင်စိတ် မရှိပေ။ မော့ယန်ကို ဘာဆိုတာ သူ ပြောပြီးပြီ နားမထောင်ရင်တော့ ကိုယ့် ကံနှင့် ကံကိုပင်။
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023