Chapter 93 အခန်း ၉၃ စတူဒီယိုမှ အထိတ်တလန့် (၃)
လုယွင်ရှန်က အနားကို ကိုင်းကာ အသံတိုးတိုးနှင့် “ရိုက်ကွင်းမှာ တစ်ယောက် သေသွားလို့ မင်းလန့်သွားတယ်လို့ ယွင်ယွမ် ဖုန်း လှမ်းဆက်တယ်လေ”
လုယွင်ရှန်နှင့် မျက်နှာချင်းဆိုင်ရအောင်လို့ ယန်ချင်က တစ်ဖက်ကို အသာလှိမ့်ချ လိုက်သည်။ “ကြွေနဲ့ လုပ်ထားတာမှ မဟုတ်တာ။ အဲလိုကြီး လူတစ်ယောက်သေသွားတာ ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သွားလို့ နည်းနည်းလေး အန်ချင်ပြီး လန့်သွားတာပဲ ရှိတာ”
“ယွင်ယွမ်ကတော့ မင်းမျက်နှာက ကြောက်လို့ ဖြူဆုတ်သွားတာပဲတဲ့” လုယွင်ရှန်က သူ့မျက်နှာကို သေချာ စေ့စေ့စပ်စပ်ကြည့်ကာ “ကြည့်ရတာလဲ သိပ်မဆင်ပြေမနေပါဘူး”
ယန်ချင်က ရယ်ကာ “မင်းညီပြောတာများ ယုံနေသေးတယ်။ ဒီကားက ပုံမှန်နဲ့ မတူလို့ ရိုက်ကွက်တွေ များတာနဲ့ နည်းနည်ပန်းနေတာ ”
“နောက်တစ်ခါ ဒါမျိုး ကားတွေ မရိုက်နဲ့” လုယွင်ရှန်က မျက်မှောင်ကြုပ်သွားသည်။
ယန်ချင်က သူ့မျက်နှာကို တယုတယလေး ပွတ်သပ်ကာ ချွဲသံလေးနှင့် “ငါက အကောင်းဆုံးသရုပ်ဆောင်လေ။ ထူးထူးခြားခြား ဖောက်ထွက်တာလေး မလုပ်ရင် အသစ်တွေကို ကျော်တက်သွားတာ ခံနေရမှာပေါ့”
လုယွင်ရှန်က အဲဒိကိစ္စနှင့် ပတ်သတ်ပြီး ဘာမှမပြောတော့ပဲ ထထိုင်လိုက်သည်။ “ဘာမှ မစားရသေးဘူး လို့ ရှောင်ဝမ်က ပြောလိုက်တယ်”
“အစောက ဘာမှ စားချင်စိတ်မရှိလို့ပါ အခုဗိုက်ဆာနေပြီ”
“ဘာစားချင်လဲ”
“ အင်း….မင်းကြော်တဲ့ ကြက်ဥမွှေကြော်လေး စားချင်တယ် နှမ်းဆီလေးနဲ့ ကြော်တာလေ”
လုယွင်ရှန်က ခဏတောင့် ကြောင်သွားပြီးမှ ပြုံးသွားကာ “ဒီမှာ စောင့်နေနော်။ သွားကြော်ပေးမယ်”
“ဟေ့” ယန်ချင်က သူ့ကို တားလိုက်သည်။ “စနေတာကို၊ ပင်ပန်းနေမှာကို စားဖိုမှူးကိုပဲ လုပ်ခိုင်းလိုက်ပါ”
လုယွင်ရှန်က သူ့ကို အိပ်ယာပေါ် ပြန်ဖိချကာ “ပြန်အိပ်လိုက်ဦးလေ” ပြီးတာနှင့် ထွက်သွားကာ အောက်ထပ်ဆင်းသွားတော့သည်။
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023