အခန်း ၁၀၂ စတူဒီယိုမှ အထိတ်တလန့် ၁၂

1.8K 360 6
                                    

Chapter 102 အခန်း ၁၀၂ စတူဒီယိုမှ အထိတ်တလန့် (၁၂)

ကွမ်ကျင် ရုတ်တရတ်ကြီး တံခါးခေါက်သံကြောင့် နိုးလာသည်။

ညသန်းခေါင်ကြီးကို တံတားခေါက်တာ အကြွေးလာတောင်းတဲ့ အတိုင်း ဖြစ်နေတာလဲ မသိဘူး။ကွမ်ကျင် တံခါးဆီကို ဒေါသတကြီးနှင့် ဝူးခနဲ ရောက်သွားလေသည်။

လူတစ်စု …ဓါတ်ခွဲခန်းဝတ်စုံဝတ်စားသည့် လူတစ်စုက တံခါးဝတွင် ရပ်နေသည်။

…………

“ကွမ်ကျင်လား? ကျွန်တော်တို့က အထူးဖြစ်ရပ်များအရေးပေါ်အဖွဲ့ကပါ။ ခင်ဗျားက အခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို တရားမဝင် ဝင်ရောက်နေတယ်လို့ သံသယရှိလို့ စစ်ဆေးရအောင် ခေါ်သွားရပါမယ် ” သူတို့ထဲက တစ်ယောက်က တံဆိပ်တုံးထုထားသည့် စာရွက်တစ်ယောက်ကို ကိုင်ဆွဲထားသည်။

စစ်ဆေးမယ် ဟုတ်လား ကွမ်ကျင် ဒေါခီးသွားသည်။ ဒီလူတွေ သူ့ကို ဂြိုလ်သားများ မှတ်နေကြလား။

“သွားစမ်း”

“ရှောင်ကျင် ရှောင်ကျင်”

ကွမ်ကျင် ဗြုန်းခနဲ မျက်စိဖွင့်လိုက်တော့ ခပ်မှိန်မှိန်မီးရောင်မှာ လုယွင်ယွမ်၏ စိတ်ပူနေသော မျက်နှာပေါ်လာသည်။

“အိမ်မက်ဆိုးမက်လို့လား ချွေးတွေထွက်နေတယ်” လုယွင်ယွမ်က မျက်နှာသုတ်ပဝါတစ်ထည်နှင့် ချွေးတွေ သုတ်ပေးနေသည်။

ကွမ်ကျင် မျက်တောင်တွေ ဘာတွေ ခတ်ကာ : အိမ်မက်မက်နေတာလား?

“ဘာပြောမိသေးလဲ”

“အင်၊ သွားစမ်းဆိုလား ဘာဆိုလားပဲ။ ဘာတွေ အိမ်မက် မက်လို့လဲ”

“ခင်ဗျားကြီး အရှက်မရှိ အိပ်ယာဝင်အနမ်းလာတောင်နေလို့လေ” ကွမ်ကျင် အသာလှိမ့်ကာ သူ့ကို ကျောပေးပလိုက်သည်။

“အဲလိုလား” လုယွင်ယွမ် မျက်လုံးလက်သွားကာ အနားကို ကပ်လာသည်။

“ဝေးဝေးသွားစမ်းပါ -ီးထဲမှပဲ”

“နေ့ခင်းဖက် တွေးထားတဲ့ အရာတွေပဲ အိမ်မက်မက်ကြတာတဲ့။ မင်းရဲ့ ဆန္ဒဖြည့်ပေးရမှာပေါ့။ လာပါ အာဘွား”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now