အခန်း ၇၄

2.3K 476 1
                                    

Chapter 74 အခန်း ၇၄ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၈

ကွမ်ကျင်က သူ့စိတ်ကို မာနေအောင် ထားပြီး လုယွင်ယွမ်အပေါ်မှာ သူ့ဒေါသတွေ ပုံချဖို့ စဉ်းစားထားသည်။ သူ လုယွင်ယွမ်ကို နိုင်အောင် မထိုးနိုင်ပေမယ့်လဲ လုယွင်ယွမ်ကလဲ သူ့ကို ပြန်ခံမလုပ်ဘူး ဆိုတာ တွေးမိချိန်မှာတော့ ဒီလို လူစားမျိုးက သူ့ကို လိုက်နေသည့် အပေါ်မှာ ပီတိဖြစ်သလို စိတ်လဲ ပျက်မိသည်။ အဲဒါ အပြင်ကို ကွမ်ကျင့်စိတ်ထဲမှာ နည်းနည်းတော့ ဝမ်းသာကျေနပ်ကာ ထောင်လွှားလိုစိတ်လေးလဲ ဖြစ်စေသည်။ 

ကွမ်ကျင် လက်သီးမြှောက်ကာ လုယွင်ယွမ် ရင်ဘတ်ကို လက်သီးတစ်ချက် ပစ်သွားလိုက်သည်။

“အား!!!!!!!!!!!!”

ကွမ်ကျင့်လက်သီးက လေထဲတွင်ပဲ ရပ်တန့်သွားလေသည်။

လုယွင်ယွမ်က သူ့လက်လေး နှစ်ဖက်လုံးကို သူ အပြစ်ကင်းပါကြောင်း အသာမြှောက်ပြကာ “ကိုယ်မဟုတ်ဘူး”

“ပေါက်ကရတွေ ၊ ကျွန်တော် နားမကန်းသေးဘူး” ကွမ်ကျင်က သူ့လက်ကို အောက်ချကာ “ဒါ မိန်းမသံ။ ကြည့်ရတာ ဒီအထပ်ကနေပဲ လာတာ။ ကျန်းလင်းချွင် ပဲ လား မသိဘူး”

လုယွင်ယွမ်က အခန်းတံခါးဖွင့်ပြီးပြီ ဖြစ်ကာ “လာ သွားကြည့်ရအောင်”

နှစ်ယောက်သာ ကော်ရစ်တာ တစ်လျှောက် လျှောက်သွားတော့ ဖန်လင်း၏ အခန်းတံခါးက ဖွင့်နေတာ တွေ့လိုက်ရသည်။ တာဝန်ကျတဲ့သူ မှာလဲ အသံကြားက ပြေးလာလေသည်။ ကော်ရစ်တာ တစ်လျှောက်မှ အခန်းတံခါးများလည်း တစ်ခန်းပြီး တစ်ခန်း ပွင့်လာကာ ခေါင်းလေးတွေ ကိုယ်စီ ထွက်လာကာ ဘာဖြစ်တာလဲ ဆိုပြီး မေးနေကြသည်။

ဖန်လင်းက မဒမ်ဖန် ကို တွဲကာ အခန်းထဲကနေ ထွက်လာသည်။ မဒမ်ဖန်၏ အမူအယာမှာ တည်တည်ကြီး ဖြစ်နေသည်။ “အခုလေးတင် အနက်ရောင် ခြုံထည် ဝတ်ထားတဲ့ လူတစ်ယောက် တံခါးကို ဖြတ်ပြေးသွားတာ ဝမ်ချင် မြင်လိုက်လို့”

လုယွင်ယွမ် မျက်ခုံးများ ပင့်သွားကာ “မဒမ် ပြတင်းကနေ ဖြတ်သွားတာ မြင်လိုက်တာလား”

“မဟုတ်ဘူး။ အခန်းတံခါးဖွင့်လိုက်တော့ မြင်တာ” မဒမ်ဖန်၏ မျက်နှာက နည်းနည်းလဲ ဖြူဖျော့နေသည်။ “အားစမ် လည်ချောင်းက သိပ်နေလို့ မကောင်းတာနဲ့ စားဖိုဆောင်ကို သကြားနဲ့ သစ်တော်သီးလေးနဲ့ ကြိုခိုင်းထားတာ။ တံခါးအပြင်ဖက်က အသံတွေ ကြားတာနဲ့ ဝန်ထမ်းလေး လာပို့တယ် ထင်လို့ တံခါးဖွင့်လိုက်တာ မထင်တားဘူး” သူ(မ)က ဆက်မပြောနိုင်သလို ရပ်သွားပြီးမှ ဆက်ကာ “တံခါးကို ဖွင့်တယ်ဆိုရုံလေး ဟပဲ ဟရသေးတာကို အဲဒိမှာ မှော်ဆရာဝတ်ရုံလိုမျိုး အမည်းရောင် ခေါင်းစွပ်နဲ့ ဝတ်ရုံကို ဝတ်ထားတဲ့ ယောက်ျားတစ်ယောက်က ရုပ်ရှင် အမြန်ရစ်သလိုကို ဖြတ်ပြေးသွားတာ။ လန့်လွန်းလို့ အောင်တောင် အော်မိသွားတယ်”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now