အခန်း ၇၈

3.2K 538 16
                                    

Chapter 78 အခန်း ၇၈ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၁၂

“အလောင်းကို တစ်နေရာရာမှာ သိမ်းရမှာ။ အပူချိန်လျော့ထားတဲ့ နေရာတွေ ဘာတွေများရှိလား” ဟု ဝမ်ကျင်းဟန်က မေးလိုက်သည်။

“……ရေခဲသေတ္တာ (ဖရီဇာ)အလွတ်တစ်ခုတော့ ရှိတယ်..” စားဖိုမှူးချုပ်က ခက်ခက်ခဲခဲနှင့် ဝင်ပြောသည်

“အဲဒိ ဖရီဇာကို အခြားသူတွေကို အနှောင့်အယှက်မပေးနိုင်မယ့် တစ်နေရာကို ရွှေ့လိုက်ပြီးရင် အလောင်းကို အဲဒိအထဲ ထည့်ထားပါ။ မစ္စတာဖန်၊  ကိစ္စတွေကို ဒီလောက် အထိဖြစ်လာတာ မြင့်ရတော့လဲလေ ကျွန်တော်ကတော့ ဒီသဘောင်္ခရီးစဉ်ကို စောစောလေး အပြီးသတ်ဖို့ စဉ်းစားစေချင်တယ်” အခု အချိန်ထိ ပြန်လည် အာရုံကပ်မလာသေးသော ဖန်စမ်ကို ဝမ်ကျင်းဟန်က ပြောလိုက်သည်။

ကွမ်ကျင့်ရင်ထဲမှာလဲ ဒိန်းကနဲပင်။ ခရီးကို စောစောအဆုံးသတ်ဖို့လား? မရဘူးလေ။သူတို့သာ အစောကြီး အဆုံးသတ်လိုက်ရင် သူ့မှာ အချိန်ပိုနည်းသွားမှာပေါ့။ သူ ဘာလုပ်ရမလဲ။

လုယွင်ယွမ်က သူ့လက်ကို အသာလေး ညှစ်ကာ သူ့ကို အားပေးသလို ကြည့်လိုက်သည်။ အကြည့်တွေကတော့ စိတ်မပူပါနဲ့ ကိုယ်နည်းလမ်းရှာပ့ါမယ်လို့ ပြောနေသယောင်ပင်။

“အမ်၊ အိတ်ထဲမှာ ဘာကြီးလဲ” ချင်ဆယ်က အလောင်း၏ ကိုယ်ကို ရှာနေရင်းနှင့်မှ သူ့ရှပ်အကျီအိတ်ကပ်ထဲမှ စာရွက်ပိုင်းလေး တစ်ခုကို ရှာတွေ့သွားသည်။ စာရွက်ကို ကောက်ယူပြီး အကြမ်းဖျင်း ကြည့်လိုက်တာနှင့် သူ(မ)၏ အမူအယာက ချက်ချင်းကို အကြီးမားကြီး ပြောင်းသွားသည်။

“ဘာကြီးလဲ” လုယွင်ချီက စာရွက်ကို အမြန်ယူကာ ဖတ်ပြီးတော့ ဖန်စမ့်ဆီကို လက်ကမ်းပေးလိုက်သည်။ “နည်းနည်းတော့ အလုပ်ရှုပ်ဦးမယ်ထင်တယ်”

ဖန်စမ်က စာရွက်ကို ယူလိုက်သည်။ စာရွက်ပေါ်မှာတော့ ခပ်ရှုပ်ရှုပ် ကြောင်ခြစ်လက်ရေး တစ်ကြောင်း ရှိနေသည်: သေသင့်တဲ့ သူတွေကိုပဲ ဦးတည်တာ။ မင်းတို့ ခရီးကို စောစော အဆုံးသတ်ရင် ငါလဲ အားလုံးကိုသူတို့နဲ့ အတူတူ ပို့လိုက်ဖို့ပဲ ရှိတယ် 

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now