အခန်း ၄၃ကျောင်းတွင်းသံသယ ၅

3.3K 662 4
                                    

Chapter 43 အခန်း ၄၃ ကျောင်းတွင်း သံသယ ၅

“ကျွန်တော် ကြည့်ပြီးသွားပြီ။ ဒုံဖျင် မတော်တဆ ဖြစ်တဲ့နေ့က ရှောင်ဖောင်က တကယ်ကြီး ချန်ကျင်းနဲ့ ရှိနေတာ။ ပြီးတော့ အတူတူလဲ စာလုပ်ခဲ့ကြသေးတယ်တဲ့။ တစ်ချိန်လုံး စာကြည့်တိုက်မှာပဲ နေပြီးတော့ နေ့လည်ကျတော့လဲ နေ့လည်စာ အတူတူထွက်စားကြတာတဲ့။ နေစောင်းတော့မှ ဒုံဖျင်က သူ့ထက် အရင်ထွက်သွားတာ ညနေ ခြောက်နာရီလောက်မှာ” ကွမ်ကျင်က ခုံတန်းလေး တစ်ခုတွင် ထိုင်ကာ ဝမ်ကျင်းဟန်ကို သတင်းလှမ်းပို့နေသည်။ “ထပ်မေးလို့တော့ မရတော့ဘူး”

“ဒါလောက်ဆို ရပြီ။ စာကြည့်တိုက် အဝင်အထွက်စနစ်ကို ချောင်ယွီ စစ်ကြည့်သေးတယ်။ ဒုံဖျင်က မနက် ကိုးနာရီတုန်းက စာကြည့်တိုက်ထဲ အဝင်ကို သူ့ကတ်နဲက ဖြတ်ဝင်ခဲ့တယ်။ နေ့လည်ကျတော့ တစ်နာရီလောက် ထွက်သွားတယ် ပြီးတော့ ညနေ ခြောက်နာရီ သုံးဆယ့်ငါး လောက်မှာ အထွက်အတွက် ကတ်တစ်ခေါက် ထပ်ဖြတ်သွားတယ်။” ဝမ်ကျင်းဟန်က ဆက်ပြောသည်။ “ဘာပဲ ဖြစ်ဖြစ် ဒုံဖျင် သေတဲ့ အကြောင်းအရင်း မသေချာသေးသရွေ့တော့ သူ့ကို သတိလေး ထားရမှာပဲ”

ကွမ်ကျင်က ဖုန်းချကာ ဓါတ်ခွဲခန်းအဆောင်ကို တစ်ချက်လောက် သွားကြည့်ဖို့ မတ်တပ်ရပ်လိုက်သည်။

“ကွမ်ကျင်” ချင်ရှောင်က သူ့ဆီလျှောက်လာသည်။ “စာကြည့်တိုက် သွားမလို့လား အတူတူသွားရအောင်”

“မသွားပါဘူး”

“အာ့ဆို ဘယ်သွားမှာလဲ”

“ဓါတ်ခွဲဆောင်”

ချင်ရှောင်က အံ့သြသွားသည်။ “ဓါတ်ခွဲခန်းအဆောင်မှာ ဘာစာကြည့်ခန်းမှ မရှိဘူး။ ဒါပေမယ့် အဲဒိမှာ ရှေးဟောင်းသုတေသန ပြခန်းရှိတယ်။ မင်းက အဲဒါတွေကို စိတ်ဝင်စားလို့လား ”

“ဟမ်? မင်းက အဲဒိနေရာနဲ့ အရမ်းရင်းနှီးပုံ ရတယ်” ကွမ်ကျင်က သူ့ကို ကြည့်လိုက်သည်။

“ငါက ဒီကျောင်းရဲ့ ထောင့်ပေါက်စိကို နားလည်နေရတာကို ကြိုက်တာ။ ပြီးတော့ သမိုင်းဝင်ဓါတ်ခွဲခန်းဆောင်ကြီးကလဲ ကောလဟာလတွေ အများကြီးပဲဟာ”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now