Chapter 14 အခန်း ၁၄ ပွဲဦးထွက် ၁၂
“မင်းက အိမ်နီးနားချင်း အိမ်မှာ ပြဿနာရှိနေတယ်လို့ သံသယ ရှိနေတာလား” ကွမ်ကျင်၏ အခြေအနေများကို အစီရင်ခံသည်ကို နားထောင်အပြီးမှာ မျက်မှောင်အနည်းငယ် ကြုပ်လို့ မေးလိုက်သည်။
“အဲဒိမှာ သောက်ရမ်း သန့်ရှင်းနေတာ အံသြစရာ မရှိဘူး၊ တရားမဝင်လုပ်ငန်းတွေ ကို ဖုံးဖို့ နေရာတောင် သေချာ ပြင်ထားသေးတာကိုး” ချန်ချောင်ယွီဆီက မှတ်ချက်ချသံ ထွက်လာသည်။
“ဘော့စ်၊ အဲဒါကို ဘာလို့ အဆုံးထိ မလိုက်ပဲ နေကြမှာလဲ” ကျန်းဖေး ကပါ တက်ကြွစွာ ကမ်းလှမ်းလာပြန်သည်။
ကူရှန်းကတော့ သဘောမတူကြော်ငး ခေါင်းခါကာ “မလောကြစမ်းပါနဲ့ကွ”
“မင်းကော ဘယ်လိုထင်လဲ” ဝမ်ကျင်းဟန်က ဆတ်ခနဲ ကွမ်ကျင်ကို ပြန်မေးလိုက်သည်။
ကွမ်ကျင်ကတော့ သူ့မေးစေ့ကို ပွတ်ကာ “မင်ယန်က အဲဒါတွေနဲ့ မဆိုင်ဘူးဆိုရင် အဲဒိလူတွေက သူ့နေရာကို သုံးပြီးတော့ သူ့ကို အမှောင်ချထားမယ်လို့တော့ ကျွန်တော် မထင်ဘူး၊ သူ နဲ့သာ တစ်ခုခု သက်ဆိုင်နေခဲ့မယ် ဆိုရင်ကော ဘာလို့ ကျွန်တော့်ကို တမင်သက်သက် လာရှာပြီး သူ့ကိုယ်သူ ပေါ်အောင် လာလုပ်နေမှာလဲ”
“ဘယ်လိုကြည့်ကြည့်ကို ထူးဆန်းနေတာပဲ..” ကျန်းဖေးက ထိုင်ခုံပေါ် ပြန်ကျသွားသည်။
“အဲဒိဟာတွေကို အခု မစဉ်းစားနဲ့ဦး၊ ပိုင်လေး ဘေးက အိမ်မှာ နေတဲ့ သူတွေ အကုန်လုံးကို အမြန်သွားစုံစမ်းလိုက်၊ ပြီးတော့ အခုလက်ရှိ အနေအထားကို ရောပဲ။ ဘာနည်းလမ်း သုံးတယ်ဆိုတာ င့ါကို တင်ပြဖို့ မလိုဘူး ကိုယ့်ဘာသာကိုယ် ဂရုစိုက်ရင် ရပြီ”
လင်းပိုင် ကတော့ ပြုံးဖြီးလို့ “နောက်ဆုံး စကားနဲ့တင် ကောင်းကောင်းပြီးနေပြီ”
လင်းပိုင်က သူ့ကွန်ပျူတာနှင့် ချက်ချင်း မျက်နှာဆိုင်ပလိုက်ကာ သူ့လက်တွေက အစပျိုးဖို့တောင် မြှောက်ပြီးသား ဖြစ်လို့နေပြီ။ ရုတ်တရတ် ဝမ်ကျင်းဟန်က အငိုက်ဖမ်းပြန်သည်။ “မင်းနဲ့ လီဖန်နဲ့ ဘာသဲလွန်စ ရသေးလဲ”
ESTÁS LEYENDO
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
AcciónAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023