အခန်း ၁၁၇ Still Waters and Bitter Cold ၁၀

1.1K 190 5
                                    


မြို့စားကြီးကတော့စကားတစ်ခွန်းတည်း ပြောပြီး ပြုံးသဲ့သဲ့နှင့် ထထွက်သွားပြီး ဒေါသပုန်ထကာ ဝတ်စုံနက်နှင့် ကိုယ်ရံတော်တွေကိုကြည့်နေသည့် ဝမ်ကျင်းဟန်ကို တစ်ယောက်တည်း ထားပခဲ့သည်။

"ဆရာ့အတွက် အခန်းပြင်ထားပြီးပါပြီ။ လိုက်ခဲ့ပေးပါ" ခပ်ငယ်ငယ် အေးစက်စက်ပုံစံနှင့် အိမ်တော်ထိန်းဟု ထင်ရသူ တစ်ယောက် ပေါ်လာကာ ကိုးယိုးကားယားဖြစ်နေသည့် အခြေအနေကြီးကို လာရောက် ကယ်တင်သွားသည်။

ဝမ်ကျင်းဟန်က သူ့နောက်ကို လိုက်ကာ ဧည့်နေခန်း ထဲဝင်ပြီး တံခါးပိတ်ပြီးသည်နှင့် စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းရသည်။ ကန်တယ်ဘယ်ရီမြို့စား၏ ချစ်သူရွေးချယ်လျှင် ဘယ်လောက်တောင် ဂဂျီကဂျောင်များလှသလဲ ဆိုသည့် ရာဇဝင်ကို သူလဲ သိထားပေမယ့် မြို့စားကြီး၏ ပြောဆိုပြုမူပုံတွေက သူ့ကို နည်းနည်း စိတ်ရှုပ်ထွေးစေသည်။ သူ သိထားသည်သာ မှန်လျှင် သူလုံခြုံသည်။ သို့သော် မြို့စားကြီးက ဘာလို့ အမြဲတမ်း ဇွဲမတရားကောင်းနေရတာလဲ? သူ ရင်ဆိုင်နေရသူက မှန်းရ ခက်လွန်းလို့ ဝမ်ကျင်းဟန် စိတ်မငြိမ်ဘူး ဖြစ်နေသည်က ဒါပထမဆုံးပင်။ ဒီလဲ သူရောက်နေပြီးမှတော့ မြို့စားဆီက ချက်ကောင်းသတင်းရဖို့ ညှိနှိုင်းရအောင် ဘယ်ဝှက်ဖဲကို သုံးလဲ ရလဲ ဆိုတာကိုပဲ သူ အာရုံစိုက်ဖို့သာ ရှိတော့သည်။

ညစာ လာပို့သည့် အချိန်အထိကို အခန်းထဲတွင် သူတစ်ယောက်တည်း ရှိနေသည်။ ညရောက်သည်အထိ မြို့စားကို သူမမြင်ရသေးပေ။ ဝမ်ကျင်းဟန် စိတ်ချလက်ချနှင့် သက်မချကာ ရေချိုးပြီး အိပ်ရာဝင်ရန် ရေချိုးကန်ကို ရေအရင် ဖြည့်လိုက်သည်။ ညဖက်ကြီး အလစ်တိုက်ရလောက်အောင်တော့ မြို့စားက အောက်တန်းမကျလောက်ပါဘူးနော့်။

လဲရမည့် အဝတ်တွေကို ကောက်ယူတုန်းမှာပဲ အခန်းတံခါး ပွင့်သွားသည်။

ဝမ်ကျင်းဟန် အသာလေး မတ်မတ်ရပ်ကာ အနောက်လှည့်ကြည့်လိုက်သည်။ အဟုတ်ပါပဲ မြို့စားကြီးက တံခါးဝမှာ မတ်တပ်ရပ်လို့ ဝမ်ကျင်းဟန်ကို အစုန်အဆန် ကြည့်ရင်း အကဲခတ်နေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedDonde viven las historias. Descúbrelo ahora