Chapter 76 အခန်း ၇၆ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၁၀
ရာသီဥတုက နွေးထွေးလှတာမို့ ဘယ်သူကမှ သူတို့အခန်းထဲတွင် မနေကြတော့ပေ။ နေ့လည်စာ ဘူဖေးမှာလဲ ကုန်းပတ်ပေါ်သို့ ရွှေ့လိုက်သောကြောင့် အားလုံးလဲ ပင်လယ်ကြီး၏ အလှကို ရှုစားရင်း နေ့လည်စာ စားလို့ ရနိုင်သွားသည်။
“ညီမမူက ကျောင်းတက်တုန်းလား” ဖန်မိုက ပန်းကန်တစ်ချပ် ကိုင်ထားရင်း သူများတွေ စကားပြောတာကို နားထောင်နေသော မုချင်ဟယ် ဆီကို လျှောက်လှမ်းလာသည်။
“ကျွန်မပုံစံက မရင့်ကျက်တဲ့ပုံစံ ပေါက်နေလို့လား”
“မရင့်ကျက်တဲ့ ပုံစံမပေါက်ပါဘူး။ လူငယ်ဆန်ဆန် တက်တက်ကြွကြွနဲ့ ချစ်ဖို့ကောင်းနေလို့ပါ”
မုချင်ဟယ်က သူ(မ)အပြုံးလေးကို ဖုံးကွယ်ကာ “မစ္စတာဖန်ကတော့ မိန်းကလေးတွေကို ဘယ်လိုမြှောက်ပြောရမလဲ သိတာပဲ။ ကျွန်မ ဘွဲ့ရပြီးတာ ကြာလှပြီ။ တကယ်တော့ ညီမက သုံးဆယ်ထဲတောင် ရောက်နေပြီ”
“အရမ်း နှိမ့်ချတာပဲဗျာ” ဖန်မိုက ဒီအကြောင်းအရာကို ဆက်မပြောပဲ နောက်တစ်ခုကို ပြောင်းလိုက်သည်။ “ညီမနဲ့ လုမိသားစုက အရမ်းရင်းနီးတဲ့ ပုံပဲနော်။ တကယ် အားကျတယ်ဗျာ” သူ့လေသံက နည်နည်းတော့ ကိုယ့်ကိုကိုယ် လှောင်နေသလို ဖြစ်နေသည်။
“သတို့ အကုန်လုံးက ယောက်ျားလေးတွေချည်းပဲလေ ညီမက မိန်းကလေး ဆိုတော့ သူတို့ က ညီမကို နည်းနည်းတော့ ပိုဂရုစိုက်ရတာ သဘာဝပါလေ”
“လုတတိယသခင်လေးနဲ့ လာတာ မြင်လိုက်လို့လေ ညီမရော သူ့လိုပဲ ဖက်ရှင် ဒီဇိုင်းဘက်ကလား”
မုချင်ဟယ်က ခေါင်းခါပြီး “မဟုတ်ဘူးရယ်။ ဖက်ရှင်နဲ့ ပါတ်သတ်ပြီး ဘာအမြင်မှ မရှိဘူး။ ညီမက အိမ်တွင်းပုန်း စာဖတ်၊ စာလေးရေးနဲ့ စာကြမ်းပိုးရယ်”
“လူတိုင်းက စာကြမ်းပိုး ဖြစ်နိုင်တာမှ မဟုတ်ပဲ။ လုဒုတိယသခင်လေးကလဲ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ပရော်ဖက်ဆာတောင် ဖြစ်နေတာပဲ ပြီးတော့ သူက ကမ္ဘာတောင်ကျော်တာနော်။ မကြာမကြာ နိုင်ငံခြားမှာ လက်ချာသွားပေးရတယ်လို့တောင် ကြားထားတာ” ဖန်မိုက လေးစားသလို လေသံထွက်လာသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023