အခန်း ၉၅ စတူဒီယိုမှ အထိတ်တလန့် ၅

2.2K 409 7
                                    

Chapter 95 အခန်း ၉၅ စတူဒီယိုမှ အထိတ်တလန့် (၅)

မနက်ကျတော့ မနက်စာ စားနေတုန်းမှာကို ကွမ်ကျင်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြောတော့ ပြောပြလိုက်သေးသည်။ “မနေ့က ရိုက်ကွင်းကို သွားတော့ ခင်ဗျား ယောက်ဖနဲ့တောင် တိုးသေးတယ်”

လုယွင်ယွမ်က သူ့ကို အံ့သြသလို ကြည့်ကာ “ယန်ချင်က အဲဒိသွားတယ် ဟုတ်လား? ဒါပေမယ့် ချစ်လေး သူက ကိုယ့်ယောက်ဖ မဟုတ်ဘူး ကိုယ်တို့ရဲ့ ယောက်ဖ”

ကွမ်ကျင်က သူ့ကို စိတ်ထဲကို ထည့်မနေတော့ပဲ ဆက်ပြောသည်။ “မထင်ထားတဲ့ တစ်ယောက်လဲ တွေ့ခဲ့သေးတယ်”

လုယွင်ယွမ် လက်ထဲက တူကို အောက်ချလိုက်သည်။

“ကျွန်တော် ပစ်လိုက်လို့ လက်ထိပြီးတော့ ကံကောင်းလို့ လွတ်သွားတဲ့ လုပ်ကြံရေးသမားလေ”

“သူက အဲဒိရိုက်ကွင်းမှာလား?” လုယွင်ယွမ် မျက်မှောင်ကြုပ်သွားသည်။ “သူနဲ့ ဒဲ့တွေ့သွားတာလား အရမ်း အန္တရာယ်များတယ်နော်”

“မတွေ့ပါဘူး။ ကျွန်တော်ပဲ သူ့ကို မြင်လိုက်တာ”

အဲဒိတော့မှ လုယွင်ယွမ် သက်ပြင်းချနိုင်သည်။ “ပြီးခဲ့တဲ့ အခေါက်က ဖြတ်ခနဲပဲ တွေ့လိုက်တာေ ဘယ်လိုလုပ် သူ့ကို မြင်တာနဲ့ သေချာသွားတာလဲ”

“ကျွန်တော့်မှာ Eidetic Memory (ဖျတ်ခနဲ မြင်တာနဲ့ မှတ်မိတဲ့ မှတ်ဥာဏ်) ရှိတယ်လေ။ မျက်နှာ မမြင်လိုက်ရင်တောင်မှ သူသုံးတဲ့ စနိုက်ပါပုံပြောင်းကို မှတ်မိတယ်။” ကွမ်ကျင်က သူ့မျက်လုံးကို လက်ညိုးထိုးပြကာ “မှားတယ်ဆိုတာ သေချာပေါက် မရှိဘူး။ အဲဒိကို ယန်ချင်နဲ့ သွားတုန်းက အဲဒိတစ်ယောက်က အနောက်ဖက် လှေခါးကနေ ဝင်လာကာစ ဖြစ်ပုံပဲ။ တစ်ခန်းကျော်မှာ လူရှိမှန်း ကျွန်တော် အာရုံရတယ်လေ ဒါပေမယ့် သူ့ဖက်ကကျတော့ ကျွန်တော်တို့ ရောက်နေမှန်းတောင် သိပုံမရဘူး။ အနားက အခန်းတစ်ခန်းကနေ မှန်ကျိုးတစ်စကို သုံးပြီးတော့ ကြည့်လိုက်တော့ သူ့ သေနတ်ကို ချိန်နေတာ တွေ့တာပဲ။ ယန်ချင်က ကျွန်တော့် အနောက်မှာဆိုတော့ ထိပ်တိုက်တွေ့လိုက်ရင် သူက ကန့်လန့်ကန့်လန့် ဖြစ်နေမှာစိုးလို့ ယန်ချင်နဲ့ ပြန်ထွက်ခဲ့တာ။ ဘာပဲ ဖြစ်ဖြစ် အဲဒိ လုပ်ကြံသမားက သတိမထားဘူးလို့ပဲ ခံစားရတယ်။ ကျွန်တော်တို့ကို နောက်ကနေတောင် လိုက်မချောင်းဘူး”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now