အခန်း ၉ ပွဲဦးထွက် ၇

5.1K 983 19
                                    

Chapter 9 အခန်း ၉ ပွဲဦးထွက် ၇

ဇီလန်ကလပ်မှာ နာမည်ကြီးပြီး ဖျော်ဖြေရေးဧရိယာထဲတွင် အခုလတ်တလော ဖွင့်လိုက်သည်ထဲမှ ထိပ်တန်းကလပ် ဖြစ်သည်။ သို့သော် ဒီကလပ်က သာမာန်ပုဂ္ဂလိက ကလပ်များနှင့် ကွဲပြားသည်။ ဇီလန်ကလပ်က အလွန်ကြီးပြီး အရည်အသွေးအကောင်းဆုံး စားသောက်ဆိုင်နှင့် ဘားက ရှေ့မျက်နှာစာတွင် ရှိပြီး ပုံမှန်ဖောက်သည်များကို ဝင်ရောက်ခွင့် ပြုထားသည်။ အနောက်ဘက်မှာတော့ တကယ့်သီးသန့်ကလပ်ဖြစ်ပြီး ကလပ်အဖွဲ့ဝင်များသာ ဝင်ခွင့်ရှိသည်။ ပြောကြသည်ကတော့ အဖွဲ့ဝင်ဖို့တောင် အလွန်အကုန်အကျများသည့်အပြင် လိုအပ်ချက်တွေကလည်း ပြည့်မှီဖို့ လိုသေးသည်။

ကျန်းဖေးနှင့် ချန်ချောင်ယွီက ဒီနယ်ပယ်နှင့် သိပ်မရင်းနှီးလှသော ကွမ်ကျင် ကို ဦးဆောင်ကာ နွယ်ပင်ထူထူနှင့် ကာရံထားသည့် ဇီလန်ကလပ် ခြံဝင်း မျက်နှာစာပိုင်းကို ခေါ်သွားကြသည်။ ခောတ်ဟောင်း အနောက်တိုင်းစတိုင် အိမ်ကို ပြန်လည်ပြင်ဆင်ထားခြင်းဖြစ်ကာ အပြင်ဖက်ကနေ ကြည့်လျှင် တင့်တယ်ပြေပြစ်လှပြီး ကြွားဝါခြင်းအလျင်းမရှိပေမယ့် အထဲကဆိုလျှင်တော့ မတူညီသည့် ကမ္ဘာကို ရောက်သွားသလိုပင်။

နေ့ခင်းဘက်တွင် စားသောက်ဆိုင်နှင့် ကော်ဖီဆိုင်က ဖွင့်ထားပြီး သူတို့ သုံးယောက်လဲ ကော်ဖီဆိုင်သို့ ဝင်ကြသည်။

ကျန်းဖေးက ကော်ဖီတစ်ခွက် မှာပြီး ဟိုကြည့် ဒီကြည့်လုပ်နေသည်။  “အိုး.. ကော်ဖီတစ်ခွက်ကို ယွမ်ခြောက်ဆယ်တဲ့ (9$ , မြန်မာငွေ တစ်သောင်းခွဲကျော်) ဘယ်လိုတောင် ဖျော်ကြလို့လဲ? ဒီနေရာကတော့ တကယ့်ကို ပိုက်ဆံတွေ မီးရှို့တဲ့ နေရာပဲ”

ကွမ်ကျင်ကတော့ သူ့ရဲ့ ချဉ်မြမြအနံ့လေး ထွက်နေသည့် Blue Mountain ကော်ဖီကို သေချာလေး အရသာခံကာ အရမ်းကို ကျေနပ်နေသည်။ ဒီရက်တွေမှာ အသင့်သောက် ကော်ဖီတွေ သောက်နေရလို သေမလို နှိပ်စက်ခံနေရသလို ဖြစ်နေတာ။

ကျန်းဖေးက မီနူးကို ဆတ်ခနဲ ဆွဲယူကာ သေချာ ကြည့်ပြီးတော့မှ ကွမ်ကျင့်ကို လက်ညိုးကြီးထိုးကာ ထိတ်ထိတ်လန့်လန့် ပြောတော့သည်။ “ဘာလို့ ဒီလောက် ဈေးကြီးတာကြီး မှာတာလဲကွ”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now