Chapter 30 အခန်း ၃၀
အမှတ်သုံးဆေးရုံ မြေအောက်ခန်း…..
“အလုပ်ချိန် ပြောင်းချိန်ရောက်ပြီ တလီ” သန့်ရှင်းရေးဝန်ထမ်းနှစ်ဦးက သူတို့တွန်းလှည်းကို သူတို့တွန်းရင်း သူ့ဆီ ရောက်လာသည်။
“လောင်ဝမ်၊ မင်းမနေ့က အမှိုက်ပုလင်းတွေ မရှင်းပြန်ဘူးနော်” တလီက လှည်းတွေကို ယူလိုက်သည်။
“ငါတို့ ဒီနေ့ အိမ်ယာခင်းတွေ အများကြီး ရှင်းလိုက်တယ် ဒီတော့ အချိန်မလောက်တော့ဘူးလေကွာ၊ ကွက်တိပဲ မင်း အမှိုက်လှည်းကို တွန်းပြီးတော့ ရှင်းလိုက်တော့ ”
တလီက အပေါက်ကနေ မြေအောက်လမ်းက ဆေးဖက်အမှိုက်များ ပစ်သည့် နေရာကို လျှောက်သွားသည်။ ရုတ်ချည်းဆိုသလို၊ လှည်းသွားမည့် လမ်းကို လူတစ်ယောက် လာတိုးသည်။ တလီက လန့်သွးပေမယ့် အနီးကပ် ကြည့်လိုက်တော့ “အာ..ဆရာ ဆရာပဲ၊ တစ်ခုခုများ လိုလို့လား ဆရာ”
ထိုသူက လှည်းကို ကြည့်ကာ သူ့နောက်ကို လက်ညိုးထိုးပြပြီးတော့ “အဲဒိက ကြမ်းပေါ်မှာ အရက်ပြန်ဂွမ်းစတွေ ရှိနေတုန်းပဲ သေချာရှင်းအောင် လုပ်လိုက်ဦး”
“အာ၊ ဟုတ်ကဲ့ ဆရာ အခုသွားလိုက်ပါ့မယ်” တလီက ကတိုက်ကရိုက်ခေါင်းညိမ့်ကာ အဲဒိဘက်ကို ပြေးထွက်သွားသည်။
တလီ နဲ့ ထောင့်ချိုးမှာ ပျောက်သွားတာကို ကြည့်နေပြီးတော့ လှည်းထဲကိုလဲ ကြည့်လိုက်သေးသည်။ ပြီးတော့ အမှိုက်အပုံလိုက်ဆီကို လက်ရောက်သွားပြီး ဆေးသွင်းပြွန်ချောင်း တစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူ့အိတ်ကပ်ထဲကို ထိုးထည့်ပြီး ထွက်ပေါက်ကနေ အမြန် ပြန်ထွက်သွားသည်။
XXXXXXXX
“ပြောပါ၊ တကယ် အဆင်ပြေရဲ့လား” ကွမ်ကျင်က မျက်မှောင်ကြုပ်ကာ ကားဘေးတွင် မတ်တပ်ရပ်နေသည်။
“ညီမလဲ ဘာအမှားတွေ လုပ်မိလဲ မသိတော့ပါဘူး” ဝူမုန်က မြေပေါ်တွင် ဆောင့်ကြောင့်လေး ပျော့တီးပျော့ဖတ် ထိုင်နေသည်။
“ဒါဆိုလဲ အစ်မတို့ကို ဘာဖြစ်တယ် ဆိုတာ ပြောပြပါလား” ချန်ချောင်ယွီက နည်းနည်းလေး မသက်မသာ ဖြစ်နေသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023