အခန်း၅၇ ကျောင်းတွင်းသံသယ ၁၉

3.1K 641 4
                                    

Chapter 57 အခန်း ၅၇ ကျောင်းတွင်းသံသယ ၁၉

“အပိုင်းအေက ယောက်ျားလေးဆောင်ကြီးကို ဝမ်ဂူဟွာက မိန်းမနာမည်ကြီး ရှင်းနေတာပဲ  ပြီးတော့ သူတို့ မှတ်ပုံတင်ထားတဲ့ ဖုန်းနံပါတ်ကို စစ်ကြည့်တော့လဲ လုပ်ဇာတ်ကြီး။ Taobao အကောင့် သုံးတာ ပထမဆုံးပဲ။ အချက်အလက်တွေကလဲ အတုတွေ။ ယာယီစာရင်းသွင်းထားတာပဲ ဖြစ်ရမယ်” ဟု လင်းပိုင်က ပြောလိုက်သည်။

“ယောက်ျားလေးဆောင်ထဲက မိန်းကလေး?” ကွမ်ကျင်က တစ်ယောက်ယောက်ကို ရုတ်တရတ် တွေးမိသွားသည်။ “အဆောင်မှူး”

XXXXXXXXXXXXXX

ဝမ်ဂူဟွာ ကို လုယွင်ယွမ် တွေ့လိုက်ချိန်တွင် သူ၏ အသရေအပေါင်း ရွှန်းရွှန်းတောက်နေပြီး ပြုံးပြာကာ သူ(မ)ကို လိုက်ရှာနေကြောင်း ပြောလိုက်တာနှင့် သူ(မ)က တော်တော်လေး စိတ်လှုပ်ရှားနှင့် နေပြီ ဖြစ်သည်။

“ပရော်ဖက်ဆာလု၊ သားလေးကို လာကြည့်တာလား”

“…….သူငယ်ချင်းရဲ့ သားပါ။ အမဝမ် ကျွန်တော်က နိုင်ငံခြား ခဏထွက်မလို့လေ။ သားကို ခဏလေး မဟုတ်ပါဘူး သူငယ်ချင်းရဲ့ သားကို လက်ဆောင်လေးတွေ ပို့ပေးချင်လို့။ ဒီနေရာကို ဘယ်လို လိပ်မူလို့ ရမလဲ သိချင်လို့ပါ”

“သူဘယ်အတန်းကလဲ ဆိုတာ ရေးလိုက်ရင်ရပြီ။ အတန်းတိုင်းမှာ စာတိုက်ပုံးလေးတွေ ရှိတယ်။ အထုတ်တွေဆိုရင် အမျိုးအစားပေါ် မူတည်ပြီးခွဲထားတဲ့ ကုဗပုံးလေးတွေလဲ ရှိတယ်”

“ဒါနဲ့ အမဝမ်ရဲ့ အထုတ်တွေ ဆိုရင်ကော”

“ကျွန်မလား? အရင်က တစ်ခါမှ မဝယ်ဖူးဘူး” ဝမ်ဂူဟွာက ဝေခွဲမရ ဖြစ်ကာ “ဘာလို့ မေးတာလဲ မသိဘူး….”

“အမက ကွမ်ကျင့်ကို တစ်ချိန်လုံး စောင့်ရှောက်ပေးနေတာ ဆိုတော့ လက်ဆောင်လေး ပို့ပေးချင်လို့ပါ”

“အား…ဆရာကလဲ မဟုတ်တာ..” ဝမ်ဂူဟွာက ဝင်းလက်နေအောင် ပြုံးပန်းဝေသွားသည်။ “ကျွန်မအတွက် ဆိုရင် အပိုင်းအေ အဆောင်မှူးအခန်းလို့ ရေးလိုက်ရင်ကို ရပြီ။ ကျွန်မက ဒီမှာပဲ အနေများတာ ဆိုတော့လေ။ ကျွန်မမရှိရင်တောင် ပြတင်းဘေးမှာ ထားတတ်ကြတယ်။ ကျွန်မစာတွေ ဆိုလဲ အဲဒိမှာပဲ ထားတာ။ ကျွန်မ ဖြတ်သွားရင်းနဲ့ တစ်ခါတည်း ယူလိုက်တာပဲ။ အာ… တကယ်တော့ ကျွန်မအတွက် ဘာမှ မလုပ်ပါနဲ့”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now