အခန်း ၂ - မင်းက ရဲလေ
သူ့ခေါင်းက နာနေပြီးတော့ အရမ်းလဲ လေးနေသလိုပဲ…. ဟေးရှောင်က သူ့အားတွေ အကုန်သုံးပြီးတော့ မျက်လုံးကို အတင်းဖွင့်ရသည်။ ( ဟေးရှောင် ရဲ့ နာမည် အဓိပ္ပါယ်က ဇီးကွက်နက် တဲ့။ ကုတ်နံမည် ဖြစ်ဖို့များပေမယ့် သူ့အရင်ဘဝမှာ သူ့ကို ခေါ်တာ ဒီနာမည်ပဲ ရှိတယ်)
ငါဘယ်မှာလဲ? ငါဘာဖြစ်သွားတာလဲ? သူ သတိရဖို့ အရမ်းကြိုးစားပေမယ့် သူ့ခေါင်းကတော့ လွန်နဲ့ဖောက်နေသလို နာကျင်နေသည်။
“အာ့” သူ နာလို့ အသံထွက်သွားသည်။ သူမှတ်မိပြီ။ သူ ခေါင်းကို အပစ်ခံလိုက်ရတာလေ။ ဒါပေမယ့် သူဘာလို့ မသေတာလဲ? သောက်ရမ်းတွေ ကံကောင်းပြီး ကျည်ဆံက သူ့ဦးခေါင်းခွံမှာ ညပ်နေပြီး သေလောက်အောင် မဖြစ်သွားတာလား?
ဟေးရှောင်က ဘေးဘီကို ရှင်းရှင်းလင်းလင်း မြင်ချင်တော့ သူ့မျက်လုံးတွေကို ပြူးနေအောင် ဖွင့်နိုင်ဖို့ ကြိုးစားနေသည်။ ဟေးရှောင်၏ မြင်ကွင်းထဲကို မျက်နှာဝိုင်းဝိုင်း တုံးအအမျက်နှာရှိသူတစ်ယောက် ပါးစပ်အဝိုင်းသားနဲ့ ဝင်လာသည်။
“အား… မင်းနိုးလာပြီ! ဒေါက်တာ ဒေါက်တာ သူနိုးလာပြီ! အား…. မင်း ဦးနှောက် သေသွားပြီလို့ ငါထင်နေတာ….” မျက်နှာဖောင်းဖောင်းနှင့် တစ်ယောက်က အော်ဟစ်ရင်းနဲ့ ဟေးရှောင်ဆီကို သူ့ကိုယ်သူ ပစ်သွင်းကာ အကြမ်းပတမ်း လှုပ်ခါနေသည်။
အီး.. မင်းသာ ဆက်လှုပ်နေရင် ငါတော့ တကယ် ဦးနှောက်သေသွားနိုင်တယ်
အလျင်စလို ခြေသံတွေ အပြင်ကနေ ထွက်လာပြီး ဆရာဝန်တစ်စု အထဲကို ဝင်လာသည်။ တာဝန်ခံက အဲဒိလူကို ဘေးကို ဆွဲဖယ်ပစ်လိုက်ကာ “လမ်းမှာ မရှုပ်နဲ့”
အဲဒိနောက် ဆရာဝန်က ဟေးရှောင်၏ မျက်ခွံကို ခပ်ကြမ်းကြမ်း ဆွဲဖြဲလိ့ အိပ်ယာဘေးက စက်ကရိယာတွေကိုလဲ ကြည့်လိုက်သည်။ “သူ စိတ်ချရတဲ့ အနေအထားတော့ ရောက်နေပြီ” ပြီးတော့ လှည့်ကာ ထွက်သွားသည်။ သူ့နောက်ကနေလဲ အခြားသော ဆရာဝန်များက လိုက်သွားလေသည်။
…. ဟေးရှောင် တစ်ယောက် ကြည့်ရတာတော့ အရမ်းကြီး နွေးနွေးထွေးထွေး ကြိုဆိုနေတဲ့ ခံစားချက်တော့ ရမနေဘူး။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023