အခန်း ၁၃၂ တစ်သက်တာ

3.8K 282 9
                                    

အခန်း ၁၃၂ A Lifetime {End} တစ်သက်တာ

ကဲ လူနှစ်ယောက် သူတို့ရဲ့ နေ့ရက်တွေကို အတူတူ ဖြတ်သန်းတယ်ဆိုတာ ဘယ်လိုမျိုးများ ဖြစ်မလဲ?

အဖြေကတော့ ရှင်းပါတယ်။ တစ်ယောက်သော သူက ဖုန်းတစ်လုံးနဲ့ တိုးတိုး တိုးတိုး လုပ်နေချိန်မှာ ကျန်တဲ့ တစ်ယောက်က သူ ဘာတွေ လုပ်နေသလဲ ဆိုတာ သိချင်ရက်နဲ့ ဂရုမစိုက်ပါဘူး ဆိုတဲ့ ပုံ အချိုးမျိုး ချိုးတာပေါ့။

လုယွင်ယွမ်မှာက ထူးခြားသည့် အလုပ်အကိုင်ကြီးက ရှိနေသည်။ ကွမ်ကျင်ကလဲ အဲဒါကို ဘယ်တော့မှ မမေးမြန်းပေ။ တစ်ခါတစ်လေ လုယွင်ယွမ် ဖုန်းပြောနေသည့် အခါမျိုးမှာ ကွမ်ကျင့်ကို ရှောင်တတ်တာမျိုးလဲ ရှိသည်။ ပြောရလျှင် ဒါက ကိစ္စအကြီးအမားမျိုးလဲ မဟုတ်ပေ။ သူက ကွမ်ကျင့်ကို အဲလို ကိစ္စတွေကို မကြားစေချင်တာ မျိုးသား။ ကွမ်ကျင်က သွေးစွန်းနေသည့် ရက်စွဲတွေထဲက လွတ်လာသူဆိုတော့ လုယွင်ယွင်က ကွမ်ကျင့်ကို ရိုးရိုးရှင်းရှင်း သာမာန်ဘဝမျိုးမှာသာ ထာဝရနေသွားစေချင်သည်။ ပြီးတော့ ကွမ်ကျင် ကြားတာများသွားပြီးတော့ သူ့ကို သတ်ခဲ့တဲ့သူကို သိချင်သွားမှ ပြောရအရမ်းခက်သွားလိမ့်မည်။

သို့သော်လည်း အခုတလောမှာ အရင်ကနှင့် မတူဘူး ဖြစ်နေသည်။ လုယွင်ယွမ် ဖုန်းပြောပြီဆိုလျှင် ကွမ်ကျင့် အမူအယာတွေက ပုံမှန်မဟုတ်တော့၊ သူ့လက်ပတော့မှာ တစ်ခုခု ခိုးချောင်ခိုးဝှက် လုပ်နေတာမျိုး ဖုန်းတိုးတိုးလေး ပြောတာမျိုးတွေ လုပ်လာသည်။ ပြောချင်တာကတော့ တစ်ခုတည်းပဲ... ငါ လဲ မင်းကို ရှောင်နေတယ်။

သူတို့ နှစ်ယောက်စလုံးက ယောက်ျားလေးတွေချည်းပဲ ဆိုတော့ ကွမ်ကျင်ကလဲ သူ့ကို ပေါ်ပေါ်ထင်ထင်ကြီး မေးခွန်းထုတ်လို့က မရ၊ ဒါကို ပြဿနာ အကြီးကြီး ထရှာပြန်ရအောင်ကလည်း တစ်မျိုးကြီး ဖြစ်နေသည်။ ဒါပေမယ့် လုယွင်ယွမ်နဲ့ ကျတော့လဲ ကွမ်ကျင်သာ ဘာမှ မလုပ်ပဲ နေကြည့် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

ကွမ်ကျင် တစ်ယောက် သူဘာလုပ်သင့်သလဲ ဆိုတာ ခေါင်းကိုက်နေတုန်း ရှိသေးသည် လုယွင်ယွမ် ဆီကို ဖုန်းတစ်ကော ဝင်လာသည်။ ခပ်အုပ်အုပ် စကား အနည်းငယ် အပြီးမှာ "မင်း အချိန်မရှိရင် ရှိအောင်လုပ်၊ ဒီကိစ္စကို မြန်မြန် ဖြတ်ရင် ဖြတ် မဖြတ်ရင် မင်းကို ငါနုတ်နုတ်စင်းပစ်မယ်" ဆိုသည့် အော်သံကြားလိုက်ရတော့သည်။ ဖုန်းလဲ ချပြီးတော့ လုယွင်ယွမ်က ညစာ အလျှံအပယ် ချက်ပါလေရော။

🎉 You've finished reading တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed 🎉
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now