အခန်း ၈၁ သဘော်ခရီး ၁၅

2.3K 447 7
                                    

Chapter 81 အခန်း ၈၁ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၁၅

အပြင်တွင် လူတွေ အများကြီး မရှိတာမို့ လုယွင်ယွမ်နှင့် ကွမ်ကင်လဲ ထောင်ယွီကို ပထမထပ်ရှိ ပြဇာတ်ရုံ အသေးစားလေးထဲသို့ ခေါ်သွားလိုက်သည်။ ဝမ်ကျင်းဟန်မှာ အထဲတွင် စောင့်နှင့် နေသည်။

ထောင်ယွီ၏ အခြေအနေကို မြင်တော့ မျက်ခုံးပင့်ကာ “ယွင်ယွမ်၊ သူ့ကို ဒီကို ဖိတ်ဖို့ မင်းဘာသာမင်း စေတနာရှင်ကြီး လုပ်ပြီးသွားတာနော်၊ အခုကြည့်ရတာတော့ သူ့ကို အသိမေ့အောင် လုပ်ခဲ့တာတော့ မဟုတ်ပါဘူးနော် ”

“အကြမ်းဖက်မှု ဆိုတာ ဥာဏ်ရည်နိမ့်တဲ့သူပဲ လုပ်တာ ဆိုတာ့ ငါ ဘယ်လို လုပ်သင့်လဲ” လုယွင်ယွမ်က အဲဒါကို ပြောပြီး သည်နှင့် ကွမ်ကျင်ဆီမှာ အကြည့်စူးစူးကို လက်ခံရရှိတော့သည်။

“ဒါပေါ့၊ အကြမ်းဖက်တာကလဲ လိုတဲ့ အချိန်တွေမှာ လိုတာပဲ”

ဒီနှစ်ယောက် ကြားက အပြန်အလှန် ဆက်ဆံရေးကို ဝမ်ကျင်းဟန် သဘောတကျတောင် ဖြစ်သွားသည်။ “ဒါဆို အခုသူ့ကို ဘယ်လို အိပ်ရာနိုးအောင် လုပ်မှာလဲ။ သူ့ကို မေးစရာတွေ ရှိနေတဲ့ဟာကို”

“စိတ်မရှိဘူးဆိုရင် အခြားသူတွေကိုပါ သွားခေါ်လိုက်ပါလား။ င့ါရဲ့ ဂါထာန် မန္ဓာန်တွေကို ပြန်ရုတ်ရတဲ့ စာ အခြားသူတွေ မြင်သွားလို့ မရဘူး”

ဝမ်ကျင်းဟန်က ပခုံးတွန့်ကာ ဇာတ်ရုံလေးကနေ ထွက်သွားသည်။

“အိပ်ချိန် ကျော်သွားပြီ။ ထတော့” လုယွင်ယွမ် က ထပ်ပြောလိုက်သည်။ “ထတော့”

ဟုတ်တာပေါ့…. ထောင်ယွီက ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာကာ သူ့ရှေ့က လူနှစ်ယောက်ကို စိတ်ရှုပ်ထွေးစွာနှင့် ကြည့်လိုက်ကာ သူ့ပါတ်ဝန်းကျင်ကိုလဲ ကြည့်နေပြန်သည်။

“ဘာဖြစ်သွားတာလဲ ဆိုတာ မှတ်မိသေးလား” စိတ်ပူစွာနှင့် ကွမ်ကျင် မေးလိုက်သည်။

ထောင်ယွီက မျက်တောင် ဖြည်းဖြည်းခတ်ကာ သူ့ဦးနှောက်ကို ပြန်အလုပ်ပေးနေသည်။ “ကျွန်တော် လုပ်ချင်တာကိုလဲ လုပ်ပြီးနေပြီ။ အဲဒိတော့ အခုရပ်ဆိုလဲ ရတယ်။ ကျွန်တော် ဘာလုပ်ခဲ့လဲဆိုတာလဲ ခင်ဗျားတို့ သိနေပြီပဲ” သူတို့ ဘယ်လိုလုပ် သိသွားသလဲဆိုတာကို သူမမှတ်မိလို့ မျက်မှောင်ကြီး ကြုပ်နေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now