အခန်း ၆၀ ကျောင်းတွင်းသံသယ ၂၂

3.2K 667 3
                                    

Chapter 60 အခန်း ၆၀ ကျောင်းတွင်းသံသယ ၂၂

“မင်းဘာလို့ အဲဒိလူတွေကို သတ်တာလဲ”

ချန်ကျင် မှာ ဆိတ်ဆိတ်နေဆဲပင်။

“မောင်မယ်သစ်လွင်ပွဲမှာ ကောင်းယွမ်နဲ့ မင်းတွေ့ခဲ့မှန်း ငါသိတယ်။ ပြီးတော့ မင်းကို ကိစ္စအကြီးကြီးတစ်ခု လုပ်ပေးခဲ့တယ်။ အဲဒိမှာ သူ(မ)က သူ့စိတ်ရင်းကို ပြဖို့ မင်းကို ညစာ စားဖို့ ဖိတ်တယ်။ မင်းရဲ့ ရှက်တက်တာ အမှားအယွင်းတွေ ဖြစ်တတ်တာတွေ မြင်ပြီးတော့ မင်းကို ကျောင်းက လုပ်တဲ့ ပွဲတွေမှာ ဝင်ပါဖို့ မင်းရဲ့ ဆရာတွေနဲ့ စကားပိုပြောပြီးတော့ မင်းအတန်းဖော်တွေကို ကူညီပေးတာတွေ လုပ်ကြည့်ဖို့ မင်းကို အားပေးတယ်။ အဲဒါနဲက မင်းက အဆောင်ကြီးကြပ်ရဲ့လက်ထောက် ဖြစ်လာပြီးတော့ မင်းရဲ့တက္ကသိုလ် ကျောင်းသားဘဝကလဲ တိုးတက်လာတယ်။ မင်းက အမြဲတမ်း ကောင်းယွမ်ကို ကျေးဇူးတွေ တင်နေတဲ့ အပြင်ကို အဲဒိမိန်းကလေး အပေါ်လဲ မင်းက အကောင်းမြင်တယ်။ ဒါပေမယ့် မင်းရဲ့ ကြောက်တတ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတတ်တော့ သူ့(မ)ကို စိတ်ထဲကနေပဲ ဆုတောင်းပေးနိုင်တယ်

“မင်း ကိုင်းဒန်အဖွဲ့ကို ဝင်ပါတာလဲ သူ(မ)နဲ့ နီးစပ်ချင်လို့ပဲ ဟုတ်တယ်မလား? ဒါပေမယ့် ချုံကျောင်ကျောင်နဲ့ အခြားသူတွေက ကောင်းယွမ်ကို စနောက်ပြီး ခြောက်လှန့်မလို့ ဆွေးနွေးနေတာ မင်းကြားမိတဲ့အချိန်ကျတော့ မင်းက အဲဒါကိုလဲ မဖြစ်စေချင်ဘူး ဒီဗတာ့ မင်းက ကောင်းယွမ်ကို အဲဒိအကြောင်း သွားပြောမလို့ပဲ။ ဒါပေသိ နောက်ကျတော့ မင်းက စိတ်ပြောင်းသွားရော။ ငါထင်တာတော့ သူ(မ) ကြောက်တာတို့ ဘာလို့ တစ်ခုခု ဖြစ်သွားရင် မင်းက အပြေးသွားပြီးတော့ ကောင်းယွမ်ကို ကာကွယ်ပေးဖို့ အခွင့်အလန်း ရှာချင်တာပဲ ဖြစ်ရမယ်

“မထင်ထားတာက အဲဒိညမှာ ဝမ်းနည်းစရာဖြစ်ရပ်ကြီး ဖြစ်သွားရော ပြီးတော့ မင်းရဲ့ စိတ်ကလဲ ဗလာကျင်းသွားတယ်။ မင်းကိုယ်မင်း အပြစ်တွေ စွတ်တင်တယ်။ မင်းက မားမားရပ်ပြီးတော့ အခြားသူတွေကို အပြစ်တင်တာလဲ မလုပ်နိုင်သလို အမှန်ကိုလဲ မဖွင့်ဟရဲပြန်ဘူး။ အဲဒိအချိန်မှာပဲ မင်းက စိတ်က လွန်ဆွဲနေတယ်။ ကောင်းယွမ်ကို စိတ်မပျက်စေချင်လို့ လူအများကြားမှာ ရောနှောနေနိုင်ဖို့ ကြိုးစားသလို မင်းရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူပြီးတော့ အရာအားလုံးကို လက်လျော့လိုက်ချင်စိတ်လဲ ရှိနေပြန်ရော။ အဆုံးသတ်လဲ ကျရော ကောင်းယွမ် ကိုမာနဲ့တင် သေသွားတဲ့ သတင်းဆိုးကြီး ကြားလိုက်ရချိန်မှာ မင်း ထပ်တောင့်မခံထားနိုင်တော့ပဲ အဲဒိချန်ကျင် ပေါ်လာတာပဲ

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now