အခန်း ၃၃ နတ်မိမယ်လေးများ သေဆုံးခြင်း

3.9K 727 12
                                    

Chapter 33 - အခန်း ၃၃ နတ်မိမယ်လေးများ သေဆုံးခြင်း 

လုယွင်ယွမ် ရုံးထဲကို ပြန်ဝင်ပြီး ဝမ်ကျင်းဟန်နှင့် ဆွေးနွေးအပြီးတွင် သူရှာနေသာ ဖိုင်အတော်များများကို တွေ့ရသည်။  “အမှုအသွားအလာနဲ့ မရင်းနှီးသေးတော့ နည်းနည်းလေး လမ်းစပျောက်နေတယ်။ အိမ်ပြန်ပြီးတော့ အစကနေ အဆုံးအထိ ပါတ်သတ်နေတာအားလုံး ဖတ်လိုက်ဦးမယ်”

သူ လီပိုင့်ကို ကူညီပေးနေသည့် ကွမ်ကျင့်ကို တွေ့တော့ “ကျင်လေး။ ဒီအမှုနဲ့ ဆိုင်တဲ့ ဖိုင်တွေအကုန်လုံး ဒီမှာ သိမ်းထားတာလား”

ကွမ်ကျင်က မော့မကြည့်ပေ။ “ဟုတ်တယ်”

“တကယ်က ဖိုင်တွေကို ကြည့်တာထက် မင်းကို မေးတာ ပိုလွယ်မှာ။ မင်းက ပိုပြီး ပြုပြင်လို့ လွယ်တယ်လေ”

“ကျေးဇူး.. ဒါပေမယ့် ကျွန်တော်က သက်ရှိကွန်ပျူတာ မဟုတ်ဘူး။ ခင်ဗျား ဖတ်ချင်လို့ ရှိရင် ကိုယ့်ဘာသာဖတ်။ ဘယ်ဘက်က ဒုတိယစင်ပဲ” ကွမ်ကျင်က ကျောပေးပြီး ဆက်ပြောနေသည်။

အာ.. ကွမ်ကျင့် ကြည့်ရတာ ဒီတစ်ခေါက် သွေးထိုးတာ ပိုပြီး အားထည့်နေသလိုပဲ ဆိုတော့ သူကလဲ ချီးကျူးတာလေး ပိုလုပ်ဖို့ ပို ခွန်အားစိုက်ရမှာပေါ့။ လုယွင်ယွမ်က သူ့ဘာသာသူ တိတ်တိတ်လေး ခိုးရယ်မိသည်။ လုယွင်ယွမ်က ဖိုင်ပုံကြီးထဲ သူ့ခေါင်းကို တစ်နေ့ခင်းလုံး နစ်မြုပ်ထားကာ ကောင်းကင်ကြီး မည်းမှောင်လာတဲ့ အထိပင်။

“လွန်ခဲ့တဲ့ ငါးနှစ်က သေသွားတာ ယုဟွာ ဆိုတဲ့ ဒီသူနာပြုအကြောင်း ရှာကြည့်လို့ ရမလား” လုယွင်ယွမ်က နောက်ဆုံးကျမှပဲ စကားသံထွက်လာသည်။

တင်တင်က သူ့ကို အံသြသလို ကြည့်လိုက်သည်။ “ယုဟွာလား? သူက မြစ်ထဲ ပြုတ်ကျလို့ ရေနစ်သေတာလေ။ ဒီတော့ ကွင်းဆက်လူသတ်သမားနဲ့ အများကြီး သက်ဆိုင်မနေလောက်ဖူးလေ ဟုတ်တယ်မလား”

“ဟုတ်တယ် ဒါပေမယ့် ဒီအမှုရဲ့ အစက ရုတ်တရတ် ဆန်လွန်းတယ်လို့ အမြဲ ခံစားနေရတာ။ လူသတ်သမားက တည်ငြိမ်ပြီး ရင့်ကျက်တဲ့ နည်းလမ်း နဲ့ စိတ်အခြေအနေ မရသေးခင် ပေါက်ကွဲထွက်တဲ့ အပိုင်းလေး ရှိကို ရှိရမယ်။ သူတို့ရဲ့ နည်းလမ်းတွေ ပြောင်းပြောင်း မပြောင်းပြောင်း သူတို့ရဲ့ ပစ်မှတ်ကို ရွေးချယ်တဲ့ အခြေခံကတော့ မပြောင်းဘူး။ ဘာလို့လဲ ဆိုတော့ အဲဒါကပဲ လူသတ်သမားအတွက် အရေးအကြီးဆုံး ဖြစ်နေတာကိုး။ ပြီးတော့ ယုဟွာက ဒီ နှစ်တွေ ထဲမှာ ပုံမှန်မဟုတ်ပဲ သေခဲ့တဲ့ တစ်ဦးတည်းသော သူနာပြုပဲ ဒီတော့ ငါတို့လဲ ကံကို ယုံကြည်ပြီး လုပ်ကြည့်တာပေါ့ ”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedTempat cerita menjadi hidup. Temukan sekarang