Chapter 22 အခန်း ၂၂ နတ်မိမယ်လေးများ သေဆုံးခြင်း
ကျင်ရှန်လမ်းမှာ ရှေးကျသော လမ်းဟောင်းတစ်ခု ဖြစ်ကာာ 1930 မှ 1940 လောက်မှ ကျန်ရစ်သော အိမ်ဟောင်းများက လမ်း၏ တစ်ဖက်တစ်ချက်တွင် ခပ်ကြဲကြဲ ရှိနေသည်။ အခုတော့ ထို အိမ်များမှာ ထူးခြားလှသည့် ဆိုင်ခန်း အသေးလေးတွေ သို့မဟုတ် အခန်းငှားသူများနှင့် ပြည့်နေသည်။
ယနေ့မှာတော့ လင်မယား နှစ်ယောက် ခွေးကို ခေါ်ပြီး မနက်စောစော လမ်းလျှောက်ထွက်လာချိန်တွင် သူတို့၏ ခွေးက နီးစပ်ရာ ခြုံပုတ်ကို ပြေးဝင်သွားကာ ပြန်ထွက်မလာ တော့ပေ။ ဒေါနှင့် မောနှင့် ထိုးဟောင်နေသောကြောင့် သူတို့နှစ်ယောက် သွားကြည့်ကြသည်။ အဲဒိမှာတင် ခြုံပုတ်နောက် မြက်ခင်းပေါ်တွင် ဆံပင်များ ပြန့်ကြဲကာ လဲနေသော အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ရသည်။ ထိုအချိန်တွင် မိန်းမဖြစ်သူက ထိတ်လန့်မှုကြောင့် တောင့်တင်းသွားပြီး ကြောက်လန့်သွားပေမယ့် ကံကောင်းထောက်မစွာနှင့် ယောက်ျားဖြစ်သူကတော့ ခေါင်းရှင်းရှင်းရှိနေသေးကာ ချက်ချင်းကို ရဲနှင့် အရေးပေါ်ဌာနကို အကြောင်းကြားလိုက်သည်။
"လက်ရှိအနေအထားကရော" ချန်ချောင်ယွီက သူနှင့် အခြားသူတွေ အဆီးအတားကြိုးဖြင့် သားထားသော အခင်းဖြစ်ရာနယ်မြေကို ရောက်ချိန်တွင် လက်ရှိ ရှိနေသော ရဲအရာရှိများကို မေးလိုက်သည်။
"ရောက်ပြီပဲ" ရာဇဝတ်မှုကြီးဌာနခွဲမှ ခေါင်းဆောင်၏ မျိုးရိုးနာမည်မှာလဲ ချန်ပဲ ဖြစ်ကာ ချန်ချောင်ယွီနှင့် အပေါင်းအပါများနှင့် အတူ အလုပ်လုပ်ဖူးသည်။
"လောင်ချန်.. လုပ်ပေးထားတာတွေ ကျေးဇူးပဲ"
"ဘယ်လိုလဲ? ငါ ဒီမြင်ကွင်း မြင်လိုက်တာနဲ့ လှမ်းသတင်းပို့လိုက်တာပဲ။ အရင်နှစ်မှုတုန်းကနဲ့ ကွက်တိအတူတူပဲလေ။ လူသတ်သမားတစ်ယောက်ထဲက လုပ်လိုက်မှာကိုပဲ ပူနေရတာ။ အသတ်ခံရသူကို အတည်ပြုပြီးပြီ ပြီးတော့ မင်းရဲ့ အဖွဲ့ဆီကို အခုလေးတင် ပို့ပေးတာ"
ကွမ်ကျင်က အလောင်းဆီကို လျှောက်သွားကာ သေချာ ဂရုတစိုက် စစ်ဆေးနေသည်။
BINABASA MO ANG
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023