အခန်း ၁၉ ပွဲဦးထွက် ၁၇

4.5K 825 8
                                    

Chapter 19 အခန်း ၁၉ ပွဲဦးထွက် ၁၇

နောက်တစ်နေ့ မနက် ကွမ်ကျင် တစ်ယောက် သန်းရင်းဝေရင်းနဲ့ပဲ ရဲစခန်းရှိရာ အဆောက်အဦးသို့ ရောက်လာသည်။ အလုပ်သွားဖို့ မနက်အစောကြီး ထရတာက ပြောရရင် တကယ့်ကို သောက်တလွှဲကြီး။ သူ့မှာ မနေ့က ညကလည်း အချိန်ပိုဆင်းရတယ် ပြီးတော့ အလုပ်လာဖို့ကိုလဲ အစောကြီး ထလာရသေးတယ်လေ။

“မင်္ဂလာနံနက်ခင်းပါ အရာရှိကွမ်”

ကွမ်ကျင်မှာ သူ့မျက်လုံးဖွင့်ဖို့ကိုတောင် အတော်ကြီး ကြိုးစားပြီးတော့ သူ့ကို နှုတ်ဆက်သူကို ကြည့်ရသည်။

“နံနက်ခင်း ဟွန့်.. အစောကြီးရှိသေးတာကို ဥက္ကဋ္ဌမင် ကတော့ ဒီလောက် မနက်အစောကြီး စခန်းကို လာဖို့ တကယ့်လုံလရှိတာပဲ” ကွမ်ကျင်က သူမအိပ်ရတာကို မင်ယန့်ဆီသို့ အပြစ်ပုံချတော့သည်။

မင်ယန်ကတော့ စိတ်ထဲတောင် မထားပေ။ သူက ဆက်ပြီးတော့ “ဒီတစ်ခေါက်ကတော့ ငယ်သားတွေကို ကြီးကြပ်ပေးဖို့ အရမ်းလိုပြီး ကိုယ့်မျက်စိအောက်မှာတင် ဥပဒေကို ချိုးဖောက်ခွင့် ပေးမိတဲ့ ကျွန်တော့အမှားပါပဲ။ အရာရှိတို့ကို ဒုက္ခတွေ အများကြီး ပေးခဲ့မိပြီးတော့ ကိုယ့်ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုတောင် ထိခိုက်စေတော့တာပဲ..အာ..”

ကွမ်ကျင်ကတော့ စိတ်ထဲမှာ တွေးနေပြီ။ ခင်ဗျားကတော့ ဖျော်ဖြေရေး လောကရဲ့ အကောင်ကြီးကြီး ဖြစ်ဖို့ ထိုက်တန်တာပဲ။ ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်ကတော့ ခင်ဗျားကုမ္ပဏီအောက်က သရုပ်ဆောင်တွေရဲ့ ရှေ့ဆောင်စံပြ ဖြစ်ဖို့တောင် လုံလောက်နေပြီ။

ဝမ်ကျင်းဟန်၏ အမြင်က မှန်ကန်တယ်ဆိုတာ သက်သေပြလိုက်တာပင်။ မင်ယန်က ဒီကိစ္စအထဲတွင် မပါဝင်သလို ဒီကိစ္စကို သူသိတယ်ဆိုသော အချက်အတွက်တောင် သက်သေပြချက် ရှိမနေပေ။ ထို့ကြောင့် လုပ်ထုံးလုပ်နည်းအတိုင်းသာ ဆက်သွားပြီး အဆုံးသတ်မှာတော့ ရဲတွေအားလုံးရဲ့ အကြည့်ဓါးမြှောင်တွေ အောက်ကနေ မင်ယန် ထွက်သွားခဲ့သည်လေ။ ပုရှန်အတွက်ကတော့ သူက နောက်ထပ် ပြောဖို့ကို ငြင်းဆန်ကာ ဘာမှကို မထွက်ဆိုတော့ဖို့ကို ဆုံးဖြတ်ထားလေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now