အခန်း ၁၇ ပွဲဦးထွက် ၁၅

4.3K 814 0
                                    

Chapter 17 အခန်း ၁၇ ပွဲဦးထွက် ၁၅

“လက်ကို မြှောက်ဖို့ သတိရဦး” လီဖန်က ခပ်ထန်ထန် သတိပေးလိုက်သည်။

“စိတ်မပူပါနဲ့၊ ဒီတစ်ခါတော့ မမှားတော့ဘူး” ကျင်မိုင်လုံက ထက်ထက်သန်သန် ပြောလေသည်။

အစကတော့ သူ့ရှပ်အကျီ၏ ကြယ်သီးတွင် ကင်မရာကို ဖုံးကွယ်ထားဖို့ စီစဉ်ထားပေမယ့် ကွမ်ကျင်က ‘တစ်ယောက်ယောက်ကသာ သူ့ရင်ထဲ ပစ်ဝင်လိုက်တာ ဒါမှမဟုတ် သူ့အကျီ အချွတ်ခံလိုက်ရရင် ငါတို့တွေ ဘာမှ မြင်ရတော့မှာ မဟုတ်ဘူး’ ဆိုသော စကားအရ ထိုအကြံကို ပယ်ချလိုက်ရသည်။

XXXXXX

ထိုညမှာ ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်ပြီး လေကလည်း ထန်လှသည်။ လီဖန်က စောင့်ကြည့်ကားတစ်စီးပေါ်တွင် ထိုင်နေကာ သက်ပြင်းချလေသည်။

“ဘာတုန်း၊ သူ့ကို ငါတို့စပိုင် လုပ်ပေးဖို့ မင်းပဲ အတင်းဖိအားပေးခဲ့တာ မဟုတ်ဘူးလား” ကွမ်ကျင်က ဘာမှမဖြစ်သလို ပြောလိုက်သည်။

လီဖန့်အကြည့်တွေက ဖျတ်ခနဲ လက်သွားပြီး “အခုလဲ ငါ အဲဒါ သွားတွေးမိတာ သူသာ တကယ် ဟိုးအောက်ခြေအထိ ရောက်သွားရင် နည်းနည်းတော့ အန္တရာယ် ရှိနေသေးတာပဲ။ ပြီးတော့ သူက စားမယ် သောက်မယ် ပျော်မယ် ပါးမယ်ပဲ သိတဲ့ ချမ်းသားတဲ့ ပလေးဘွိုင်တစ်ယောက်ပဲလေ ဒီတော့ သူ့အသက်ကို ဒီအပေါ် လောင်းကြေးထပ်ထားရတာ မတန်ဘူး”

ကွမ်ကျင်က သူ့လက်ပေါ် မေးလေးမှေးတင်ကာ ခဏလောက် သေချာ တွေးတောနေပြီးမှ။ “ယောက်ျားတစ်ယောက်က အချစ်ကြောင့် တစ်ခုခု လုပ်ဖို့ လှုံ့ဆော်ခံလိုက်ရရင်တော့ သေချာပေါက် ထူးထူးကဲကဲ အလားအလာကော်ငးတွေလဲ ပေါက်ကွဲထွက်သွားမှာပဲလေ၊ အရှုံးသမားတွေတောင် စူပါမန်း ဖြစ်နိုင်သေးတာပဲ” ဒါက တိုနီ ပြောပြောနေကြ စကားဖြစ်ပေမယ့် ကွမ်ကျင် သူ့အရင်ဘဝ မသေသွားခင်အထိတော့ စူပါမန်း အဖြစ် ပြောင်းသွားတဲ့ ဘယ်သူ့ကိုမှတော့ မတွေ့ဖူးခဲ့ပေ။

ကွမ်ကျင်က လီဖန်၏ ဒေါသတကြီး အကြည့်တွေကို လစ်လျူရှုကာ ဖန်သားပြင်ကိုသာ သေချာ စိုက်ကြည့်နေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now