အခန်း ၁၃၀ The Passing of Time
အမေရိကန်နိုင်ငံ၊ နယူးယော့မြို့၊ မြို့တော် အနုပညာပြတိုက် Metropolitan Museum of Art
ပြတိုက်၏ အနောက်က ခုံတန်း တစ်ခုတွင် ဆံပင်အနက်ရောင် မျက်ဆံအနက်ရောင်နှင့် လူငယ်လေး တစ်ယောက် ပြတိုက်လက်ကမ်းစာစောင် ကို ကိုင်ကာ ဟိုလှန် ဒီလှန် လှန်နေသည်။ နေရောင်ခြည် ကြောင့် သူ့ဆံပင်မှာ လင်းဖြာနေသလို လေပြေလေးတွေ ဟိုဟိုဒီဒီဆော့ကစားမှုကြောင့် နေ့ရောင်ခြည်နှင့် အပြိုင် ကနေသလားတောင် ထင်ရသည်။
![]()
Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin. လာရောက်လည်ပတ်သူများစွာနှင့် ဖြတ်သွားဖြတ်လာတွေက သူ့အနားက ဖြတ်သန်း သွားကြပေမယ့် လူငယ်လေး အာရုံတစိုက်နှင့် စာဖတ်နေခြင်းကိုတော့ ဘယ်သူကမျှ နှောင့်ယှက်ပေးခြင်း မရှိပေ။ သူ့ရှေ့တွင် လူတစ်ယောက် မတ်တပ်ရပ်ကာ နေရောင်ခြည်ကို ပိတ်ကာရပ်ပြီး သူ့ပေါ်ကို အရိပ်ကျလာတော့မှသာ အနှောင့်အယှက်ကင်းလှသော အနေအထားက ပျက်ပြားသွားရသည်။
"မင်းလေးက.. တော်တော် ဖမ်းရခက်တာပဲ"
လုယွင်ယွမ်က ထိုင်နေသူကို ဆွဲမကာ တင်းတင်းကြပ်ကြပ်ဖက်ပြီး အကြမ်းပတမ်း နမ်းပလိုက်သည်။
အနားက ဖြတ်သွားဖြတ်လာ တချို့ဆီမှ လေချွန်သံတွေ အားပေးသံတွေ စီခနဲ ထွက်လာသည်။
ကွမ်ကျင်က သူ့ကို ကန်ထဲ့လိုက်ကာ သူပါးစပ်ကို ပွတ်ပြီး သုတ်ပလိုက်သည်။ "ဂေါ့ တွေက ဒီလောက်တောင် အသုံးမကျဘူးလား? ကျွန်တော့ကို ဒီမှာ ရှာတွေ့ဖို့ သုံးရက်တောင် ကြာတယ်" သူ လုယွင်ယွမ်ကို စိုက်ကြည့်ပလိုက်သည်။
"ကို့ရဲ့ ရှောင်ကျင်လေးက အရမ်းတော်တာကိုး၊ ကို့ရဲ့ သောက်သုံးမကျတဲ့ ကောင်တွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" လုယွင်ယွမ်ကတော့ ထုံးစံအတိုင်း ဖားတော့သည်။
![](https://img.wattpad.com/cover/283760726-288-k63832.jpg)
ŞİMDİ OKUDUĞUN
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
AksiyonAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023