အခန်း ၆ ပွဲဦးထွက် ၄

5.6K 1K 37
                                    

Chapter 6 အခန်း၆ ပွဲဦးထွက် ၎

“ကွမ်ကျင်” အလုပ်ဆင်းချိန် ရောက်သည်နှင့် အပြင်ကို ပြေးထွက်သွားသည့်သူကို ဝမ်ကျင်းဟန် လှမ်းခေါ်လိုက်သည်။ “တန်ချီကို သတင်းမေးဖို့ ဘာလို့ ဆေးရုံကို မသွားတာလဲ”

“ဘာလို့ ကျွန်တော်လဲ” ကွမ်ကျင်က မျက်မှောင်ကြုပ်သွားသည်။

“ဘာလို့လဲ ဆိုတော့ သူ့ကို မင်းကယ်လာတာလေ။ အဲဒိတော့ သူက မင်းကို ပိုယုံတယ်။ သူက အရမ်းအရေးပါတဲ့ သက်သေဆိုတော့ သူ တစ်ရက်စောစော စိတ်ပိုပါလေ ငါတို့ အမှုက တစ်ရက်ပိုစောပြီး ပြီးလေပဲ” ဝမ်ကျင်းဟန်က ညင်သာစွာ ပြောပြလိုက်သည်။

“အလုပ်ဆင်းပြီလေ” ကွမ်ကျင်က သူ့ကို အချိန်ပို အလုပ်လုပ်ခိုင်းတာကို တကယ် မကြိုက်ပေ။

“ရဲတွေက အလုပ်ချိန်ပြီးတယ်လို့မှ မရှီတာ ငမ်း သိပ်မကြာခင် သေချာသိလာလိမ့်မယ်” ဝမ်ကျင်းဟန်က အရှက်မရှိ ထွက်သွားကာ အဲဒိ ကျိန်ဆဲသံလေးသာ ချန်ထားလိုက်သည်။

ကွမ်ကျင်က သူရောက်နေသည့် နေရာလေးမှာ ဆက်ရပ်နေပြီး ရန်ဖြစ်တော့မည့် စိတ်တွေကို အသက်သုံးကြိမ်လောက် ပြင်းပြင်းရှူပြီးမှ ပြန်သိမ်းထားနိုင်သည်။ သူက ဒေါသတကြီးနှင့် ဆေးရုံကို တက္ကစီ တစ်စီးငှားလိုက်သည်။ လမ်းမှာလဲ ပထမဆုံးအကြိမ်အဖြစ် သစ်သီးခြင်းတစ်ခြင်းတောင် ဝယ်သွားလိုက်သေးသည်။ သူက အရမ်းကြီး ကြင်နာသနားတတ်နေလို့ မဟုတ်ဘူးနော် ကုန်ကျစရိတ်တွေ ပြန်ပေးတာ ရှိမှန်း သူသိတော့ အမှုအတွက် ပတ်သတ်သည့် ကုန်ကျစရိတ်တွေ အကုန်လုံးက သူ့ပိုက်ဆံအိတ်ထဲကနေ ထွက်တာမှ မဟုတ်တာ။ အဲတော့ နှစ်ခါမစဉ်းစားပဲ အသီးတွေ ဝယ်ကာ ပျော်ရွှင်စွာနဲ့ တက္ကစီတောင် ငှားစီးပစ်တာ ဖြစ်သည်။

ဒါပေမယ့် အရမ်းကတ်စေးနဲ နေရတာလဲ ခံစားရတာ မကောင်းပေ။ သူ့အရင်ဘဝလို ငွေကို ရေလိုသုံးနေတာကနေ ကုန်ကျစရိတ်တိုင်းကို သေချာ ချိန်ဆနေရသည်။ အဲဒါကလည်း ကွမ်ကျင့် ဘဏ်စာရင်းမှာက ခြောက်ကပ်လို့ နေတာကြောင့်ပင်။ သူ့အပိုင် UBS ငွေစာရင်းထဲမှာ ငွေတွေ အများကြီး ရှိပေမယ့် အဲဒါကို ထိဖို့ မရဲပေ။ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းမရှိသေးချိန်မှာ ဒုက္ခမရှာတာပဲ ကောင်းသည်။ သူ တစ်ခါသေပြီးပြီပဲ အခုချိန်ကစပြီး သူ့အသက်ကို တန်ဖိုးထားရတော့မယ်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now