အခန်း ၂၇ နတ်မိမယ်လေးများသေဆုံးခြင်း ၇

3.6K 739 11
                                    

Chapter 27 အခန်း ၂၇ နတ်မိမယ်လေးများ သေဆုံးခြင်း ၇

ဝူမုန် က ယူနီဖောင်း လဲအပြီးတွင် သူ့လုပ်ဖော်ကိုင်ဖက်များ ဆွေးနွေးနေသော ယနေ့ ဖြစ်သွားသည့် ကိစ္စများကို နားထောင်နေသေးသည်။

“ဝူမုန်၊ နင့်ကို အလုပ်ပြီးတော့ လာကြိုမယ့် သူ ရှိလား” ဟု မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေး တစ်ယောက်က မေးလိုက်သည်။

“မရှိဘူး၊ ကိစ္စတော့ မရှိပါဘူးဟယ်၊ ရှေ့က လမ်းမကြီးအတိုင်း လျှောက်သွားလိုက်မယ် လူတွေ အများကြီးပဲဟာ”

“တွေးလိုက်ရင် တစ်ကယ် ကြောက်စရာ ကြီးပဲဟယ်။ တစ်နေ့ကတောင် လီလင်းက င့ါကို ပြောနေသေးတယ်။ သူနဲ့ ဘယ်လူနာနဲ့ စကားများတော့မလို ဖြစ်တဲ့ အကြောင်းတွေလေ။ နောက်နေ့လဲ ရောက်ရော လီလင်းက အရင်ဆုံး….” အသက်ပိုကြီးသည့် သူနာပြုက အောက်မေ့ပြီး ပြောပြန်သည်။

“တော်ပြီ၊ ထပ်မပြောပါနဲ့တော့။ တွေးကြည့်တာနဲ့တင် ကြက်သီးတွေ ထတယ်”

တစ်ခဏနေပြီးတော့ တာဝန်ကျရုံးခန်းထဲတွင် နှစ်ယောက်သာ ကျန်ခဲ့တော့သည်။

ဝူမုန်က အကျီလဲနေဆဲ လိန်ကျင်း ကိုမေးလိုက်သည်။ “နင့်ကြည့်ရတာ မပျော်မရွှင်နဲ့”

“မပြောစမ်းပါနဲ့ဟယ်၊ ဟိုမိန်းမကြောင့်ပဲပေါ့။ သူက ဒီလောက် ဝတာ သွေးကြော ရှာဖို့ ခက်တယ်လေ ဒါဆို ငါကပဲ အလုပ်တာ ညံ့ပုံနဲ့ စွပ်စွဲနေတယ်။ ငါကလဲ ပြန်ပြောရုံလေးကို စစ္စတာကြီးက င့ါကို ပြန်ဆူတယ်လေ ” လိန်ကျင်းက ဒေါသပုံ ထနေသေးသည်။

“အာ၊ ဘူတွေက နေမကောင်းဘူးးဆိုရင် အရင်ဆုံး စိတ်က မကြည့်ဖြစ်တာပဲလေ။ သီးခံလိုက်ပါဟယ်” ဝူမုန်က အကြံပေးလိုက်သည်။

“နင့်ကို ပြောရဦးမယ်။ နင်က ပညာရေး နောက်ခံကောင်းကောင်းလဲ ရှိရဲ့သားနဲ့ ဆေးရုံက စီမံပေးတာကို နားထောင်ပြီးတော့ နိုင်ငံခြားမှာ စာသွားသင်ပါလားလို့။ ဒါဆို နင် ဒီနေရာမှာ ဒုက္ခခံနေမယ့် အစား  သိပ္ပံသုတေသနဘက် ပြောင်းလို့ ရတာပေါ့”

“တကယ်တော့လေ။ ငါ အရေးပေါ်အခန်းမှာ အလုပ်လုပ်ရတာ ကြိုက်တယ်သလား၊ ဒီမှာဆို ပညာတွေ အများကြီး ရတာ”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now