အခန်း ၈၆

2.8K 500 45
                                    

Chapter 86 အခန်း ၈၆ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၂၀

“မနက်စာ မစားပြန်ဘူးလား”

လုယွင်ယွမ် အထဲကို ဝင်လာချိန်တွင် ကွမ်ကျင်က သူ၏ ကိရိယာအပုံလေးကို တပ်ဆင်နေသည်။

“နည်းနည်းစားထားတယ်” ကွမ်ကျင်က ဆက်လုပ်နေသည်။

“တစ်ခုခု သိသွားလို့လား? မင်းတစ်ယောက်တည်း လုပ်ဖို့ စီစဉ်နေတာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား” လုယွင်ယွမ် မျက်မှောင်ကြုပ်ပြီး ကြည့်နေသည်။

“အကျင့်ပါနေလို့လုပ်နေတာ မဟုတ်ရင် လိုတဲ့အခါကျမှာ ဂျီးပိတ်နေရင် ဘယ်လိုလုပ်မလဲ? ထပ်ထပ် သတိပေးနေဖို့ မလိုပါဘူး။ အလောက်တကြီးဘာမှ မလုပ်ဘူးလို့ သဘောတူပြီးသားပဲ။ ခင်ဗျားကလေ မိန်းမကြီးလိုပဲ ပွစိပွစိနဲ့ ” ကွမ်ကျင်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။

လုယွင်ယွမ်က ရယ်ကာ “ကိုယ့်ကို ပေးထားတဲ့ ကတိကို အဲဒိလောက် အလေးထားမှန်း မသိလိုက်ဘူးကြည့်စမ်း စိတ်ထဲ အသေအချာထည့်ထားတာပဲ”

“ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်တာကလဲ ရောဂါတစ်မျိုးပဲလို့ ပြောဖူးတယ်နော်။ ပြန်ရောက်ရင် ခင်ဗျားကို ကုပေးဖို့ ဆရာဝန်ကောင်းကောင်းလေး ရှာပေးရဦးမယ်”

“မျှော်နေမယ်သလား”

အခန်းထဲတွင် စကားအတန်ကြာ ပြောပြီးမှသာ လုယွင်ယွမ် ပြန်ထွက်သွားသည်။ လုယွင်ယွမ် အခန်းတံခါးပိတ်လိုက်တာကို မဟာစစ်ပွဲကြီး စတင်လိုက်သလိုမျိုးကို ကွမ်ကျင် ကြည့်နေမိတော့သည်။

XXXXXXXXXXXXXXXXXXXX

လုယွင်ချီတစ်ယောက်တည်း လေးလွှာက လက်ရန်းတွင် မှီကာ အတွေးတွေထဲ နစ်မြောလို့နေသည်။

“အယ်…. ဘယ်လိုလုပ် နာမည်ကျော် ဒီဇိုင်ကြီးတစ်ယောက်ထဲ ဒီရောက်နေတာလဲ” အယ်လီနာက သူ့ဆီကို ကြော့ကြော့မော့မော့လေး လျှောက်လှမ်းလာကာ ဘေးနားမှာပင် လက်ရမ်းကို မှီချလိုက်သည်။

လုယွင်ချီက ပခုံးတွန့်ကာ ဝမ်းနည်းပက်လက်နှင့် “ပင်လယ်ပြင်ကြီးထဲ အချိန်အကြာကြီး နေလိုက်တော့ အာရုံတွေတောင် မမြူးဘူး ဖြစ်နေတယ်”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWo Geschichten leben. Entdecke jetzt