အခန်း ၉၁ စတူဒီယိုမှ အထိတ်တလန့် ၁

3K 490 5
                                    

Chapter 91 အခန်း ၉၁ စတီဒီယိုမှ အထိတ်တလန့် (၁)

ဘယ်ကနေ စတာလဲလို့ ပြောရမလဲ ဆိုရင်တော့ နာမည်ကြီး အပါတ်စဉ် အတင်းအဖျင်း ဂျာနယ်က စတယ်လို့ ပြောရမှာပဲ။

ကျင်မိုင်လုံတစ်ယောက် လီဖန့်ကို အောင်အောင်မြင်မြင် လိုက်လို့ အပြီးမှာ သူ့ကိုယ်သူ အသိစိတ်ဝင်ပြီးတော့ သူ့နေရာ သူသိသွားတယ်လို့တောင် ပြောရမလားပဲ။ အဲဒါကလဲ သူ့ရဲ့ ပွေတဲ့ ရှုပ်တဲ့ သဘာဝလေးက အများကြီး ပြောင်းလဲသွားတာတော့ မဟုတ်ဘူး အဲဒိအစား သူ့စိတ်အာရုံတွေ အကုန်လုံးက လီဖန့်ဆီကို အကုန် စုပုံထားလို့ လို့ ပြောရမယ်။ ချစ်ခြင်းက ယောက်ျားတစ်ယောက်ရဲ့ တာဝန်ယူချင်စိတ်ကို ထွန်းလင်းတောက်ပလာစေတယ်လို့တောင် ပြောလို့ရမယ်။ သူ့ရဲ့ ယောက်ျားတစ်ယောက် ဆိုတဲ့ အသိစိတ်က သူ့ရဲ့ ကိုယ်ပိုင် ပုံရိပ်ကို အကောင်းဖက်မှာပဲ မြင်စေချင်တော့တယ်။ အိမ်ကိုတောင် အပြေးပြန်ပြီးတော့တောင်မှ သူက လူသစ်စိတ်သစ် ဖြစ်ပါပြီ ဆိုပြီးတော့ သူ့အဖေကို ကျိန်ပြ၊ မိသားစုလုပ်ငန်းတွေကို ကြိုးစားပမ်းစား သင် ပြီးတော့ အရည်အချင်း ရှိတဲ့ ဆက်ခံသူ ဖြစ်လာတော့တာပဲ။

ဒါပေမယ့်လဲ လုပ်ငန်း လုပ်ပြီ ဆိုကတည်းက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုလေးတွေ၊ အရက် တို့ အပျော်အပါးလေးတို့လဲ မပါမဖြစ်ပေါ့။ အဲဒိနေ့ကလဲ ကျင်မိုင်လုံက ရင်းနှီးမြုပ်နှံသူ တစ်ယောက် အနေနဲ့ ရုပ်ရှင်အသိုင်းအဝိုင်းက လူအချို့နဲ့ သောက်ရတော့ အဲဒိမှာ သရုပ်ဆောင်အငယ်လေးတွေ ကပ်မြှောင်အနေနဲ့ ပါလာတာပေါ့။ လူတိုင်းက ဘေးမှာ ရိသဲ့သဲ့တွေ လုပ်နေကြတော့ ကျင်မိုင်လုံကလဲ မူးနေတာရော အပျော်သဘောနဲ့ရော သူပါ ရောပါသွားတာပဲ။ ပြီးကျတော့ သရုပ်ဆောင်လေးတွေထဲက တစ်ယောက်က အပြင်ကို သူ့ကို တွဲပြီး လိုက်ပို့တာကနေ အညှီအဟောက် သတင်းထောက်တွေနဲ့ တံခါးဝမှာ တိုးတာကနေ မရေမတွက်နိုင်လောက်တဲ့ မဟုတ်တမ်းတရား ပုံတွေ ထွက်လာပါလေရော။

“အင်းပေါ့.. ဖန်ဖန် ဒီရက်ပိုင်း မသာမယာ ဖြစ်နေတာ မဆန်းတော့ဘူး…” လင်းပိုင်က ရုပ်ရှင်သတင်းဂျာနယ်ကို အခြားသူတွေနဲ့ ဝိုင်းကြည့်နေရာက ခေါင်းတောင်ခါ မိသွားသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now