Chapter 80 အခန်း ၈၀ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၁၄
ညဥ့်အချိန်.. ထန်ချင်လင်း တစ်ယောက် တိတ်တိတ်လေး သဘောင်္ဝမ်းဗိုက်ထဲသို့ ခိုးဝင်ကာ အအေးခန်းထဲသို့ ဝင်ချသွားသည်။သူက ခပ်တိုးတိုးနှင့် “ငါရောက်ပြီ။ မင်းဘယ်မှာလဲ”
“ဝေ့ ငါဒီမှာလေ….”
ပိုက်လုံးတစ်လုံးနောက်ကနေ လူတစ်ယောက် တွားထွက်လာကာ ထန်ချီလင်းအနောက်တွင် မတ်တပ်ရပ်လိုက်ပြီး သူ့လက်ထဲကိုင်လာသည့် နံပါတ်တုတ်ကို မြှောက်ပင့်လိုက်သည်။
ထန်ချီလင်း မှာ သူ့နောက်မှ လေအေးအေးကို ခံစားမိသွားပုံ ပေါ်ကာ အနောက်ကို ဝုန်းခနဲ ကောက်လှည့်ပြီး “အား..” ခနဲ ငယ်သံပါအောင် အော်လိုက်လေသည်။
XXXXXXXXXXXX
အိပ်ရာနားမှ စားပွဲခုံပုလေးပေါ်ရှိ မီးအိမ်လေးကို မှိတ်ပြီးနောက် အယ်လီနာ အိပ်မောကျခါနီးလေးတွင် သူ(မ)အခန်းတံခါးကို တစ်စုံတစ်ယောက် လာခေါက်သံ ကြားလိုက်ရသည်။
“ဘယ်သူလဲ? နောက်ကျနေပြီ မဟုတ်လား” ညအိပ်ဝတ်စုံကို သူ(မ)ကိုယ်ကို ရစ်ပတ်ပြီး တံခါးသွားဖွင့် လိုက်လေသည်။
“အို… ရှင်ကိုး၊ တစ်ခုခု ဖြစ်လို့လား” အယ်လီနာက ကြောက်လန့်နေပုံရသော ဖန်လင်းကို သူ(မ)အခန်းထဲ ဝင်ခွင့်ပေးလိုက်သည်။
XXXXXXXXXXXX
ညအိပ်မပျော်သော ဝိတ်တာလေးမှာ ညလယ်ခေါင်ကြီး ထပြီး ဟိုလျှောက် ဒီလျှောက် လုပ်လေသည်။ သူ မော့ကြည့်လိုက်တော့ ဒုတိယထပ်ရှိလက်ရန်းနားတွင် မှိတ်ပျပျ မီးရောင်လေး ထိုးထွက်နေသလို ဖြစ်နေတာကို မြင်လိုက်ရသဖြင့် အံသြသွားကာ လှေခါးထစ်များကို အသာခြေဖျားထောက်ပြီး မီးအလင်းရောင် လာရာဖက်ကို အမြန်သွားလိုက်လေသည်။
လှေခါးနှင့် လျှောက်လမ်းတစ်လျှောက်တွင် ကော်ဇောထူထူများ ခင်းထားသောကြောင့် သူ့ခြေသံမှာ အသံလုံလှသည်။
သူ ကပ်သွားတော့မှ ထိုနေရာရှိ တံခါးတစ်ချပ်ရှေ့တွင် လူတစ်ယောက် ဆောင့်ကြောင့်ထိုင်လျက် ရှိတာ မြင်လိုက်ရသည်။ ကြမ်းပြင်ပေါ်တွင်လည်း အလင်းရောင်ဖျဖျလေး ထိုးထွက်နေသော အရာဝတ္ထုတစ်ခု ရှိလေသည်။ တစ်ယောက်တည်း ဘာမှ မလုပ်သင့်မှတော့ ဒီကိုလဲ တစ်ယောက်ထဲ လာမိသည်ကိုတောင် နောင်တရစပြုလာလေသည်။ အသာလေး ပြန်လှည့်ပြေးတော့ မလို လုပ်နေတုန်း ထိုလူမှာ သူ့ကို သတိပြုမိဟန်တူသွားကာ သူ့ကို မျက်နှာချင်းဆိုင်ပြီး အမြန်မတ်တပ်ထရပ်လေသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionSpecial Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023