Chapter 5 အခန်း ၅ ပွဲဦးထွက် ၃
ကွမ်ကျင် အထုတ်လေးဆွဲလို့ ပါးစပ်မှာတော့ စီးကရက်လေး ခဲလို့ လက်တစ်ဖက်က အိတ်ကပ်ထဲ ထည့်ကာ ရပ်ကွက်ထဲ အေးအေးလူလူ လမ်းလျှောက်နေသည်။ သူ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေနေရပေမယ့် သူ့ရဲ့ အားနည်း နုနယ်တဲ့ ကိုယ်ကြောင့် သူ တော်တော်လေးအိပ်ရေးပျက်ကာ တစ်ချိန်လုံး အိပ်တွင်းပုန်းနေသည့် ပျော့တိပျော့ဖတ် လူတစ်ယောက်လို ဖြစ်နေသည်။
လမ်းချိုးလေးတွေ နည်းနည်းလဲ ချိုးပြီးရော ပန်းခြံလေးကို ဖြတ်သွားသည့် လမ်းကြောင်းကို သူရွေးလိုက်သည်။ ကွမ်ကျင်က စီးကရက်ဖင်စီခံကို မြေပေါ် ပစ်ချကာ ခြေထောက်ကိုသုံးပြီး ဖိချေလိုက်သည်။ ထွက်သွားတော့မသလို လုပ်နေတုန်း သူ့ကိုယ်ထဲက ပြန်လည်ရှင်သန်လာသည့် သားရဲက ဆတ်ခနဲ နိုးထသွားသည်။ သူ့နောက်က ပန်းခြုံကြားထဲကနေ သူ့ကို ကြည့်နေတဲ့ သူရှိတယ်။
သူ ဘာအန္တရာယ်မှတော့ မခံစားမိတော့ သူ့ကို ဘာဘာညာညာ လုပ်ဖို့ ရည်၇ွယ်ချက်တော့ မရှိလောက်ပေ။ ကွမ်ကျင်က ခဏလောက် စဉ်းစားပြီးတော့ အဲဒိကို ခြေလှမ်းကြဲကြဲနဲ့ တိုးကပ်သွားသည်။
ခြုံပုတ်ထူထူဘေးကို တိမ်းကြည့်လိုက်တော့ ညစ်ပတ်နေသည့် မျက်နှာ၊ အနည်းငယ် ပြဲဆုတ်နေသည့် ပါးလှပ် လွင့်ပျယ်နေသည့် ရှပ်အကျီ ကို ဝတ်ဆင်ထားသည့် ထိတ်တလန့်အမူအယာနှင့် မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ ခြုံပုတ်ထဲ ပုန်းနေသည့် ကောင်လေးကို သူ မျက်မှောင်ကြုပ်ပြီး ကြည့်လိုက်သည်။ ပြီးတော့ လှည့်ကာ ထွက်သွားဖို့ လုပ်လိုက်သည်။ သူ အဲဒိလောက် သနားညှာတာမနေဘူး။
သူ့စိတ်ထဲမှာ မျက်နှာတစ်ခု ဖျတ်ခနဲ ပေါ်လာကာ ကွမ်ကျင်ခြေထောက်တွေ တုန့်သွားပြီး ပြန်လှည့်ရသည်။ ကောင်လေးကို သေချာကြည့်ဖို့ သူ ကုန်းလိုက်ရသေးသည်။ ကောင်လေးက အေးလို့ပေလား ကြောက်လို့ ပဲလားတော့ မသိ တုန်ရီနေသည်။
ကွမ်ကျင်ကပဲ ကံကောင်းတယ်လို့ မှတ်ယူရမှာလား? သူ့ရဲ့ မှော်ဆန်လှသည့် မှတ်ဥာဏ်ရဲ့ ကျေးဇူးကြောင့် လူပျောက်အစီရင်ခံစာထဲက ဒီမျက်နှာကို သူမှတ်မိနေသည်။ ခဏလောက် တုန့်နေပြီးမှ အံကြိတ်ကာ ကောင်လေးကို ဆွဲထုတ်လိုက်သည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023