အခန်း ၇၉ သဘေ်ာခရီး ၁၃

2.5K 493 4
                                    

Chapter 79 အခန်း ၇၉ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၁၃

ထန်ချင်လင်း တစ်ယောက် အခန်းထဲတွင် စိတ်လှုပ်ရှားစွာနှင့် ဟိုလျှောက် ဒီလျှောက် အပြန်ပြန်အလှန်လှန် လျှောက်နေသည်။ သူဘာလုပ်သင့်လဲ? သူ ဒီလိုကြီး ဆက်သွားနေလို့ မရဘူးလေ ပြီးတော့ အခုဆိုရင် တစ်ယောက်တည်း နေရာတကာကိုတောင် မသွားသင့်တော့ဘူး…. ဒါပေမယ့် အဲဒါ ဘယ်သူလဲ ဘယ်သူလဲလို့..

ရုတ်တရတ် တံခါးခေါက်သံ သဲ့သဲ့ပေါ်လာသည်။ ထန်ချင်လင်း က တုန်တက်သွားကာ “….ဘယ်သူလဲ”

အပြင်ဖက်တွင် မည်သည့်လှုပ်ရှားမှုမျှ မရှိပေ။ ထန်ချင်လင်းက ကြွေပန်းအိုးတစ်လုံးကို ကောက်မကာ တံခါးဆီသို့ ရဲရဲတင်းတင်း လျှောက်သွားလေသည်။ အသက်ကို အောင့်ကာ ခဏလောက် နားထောင်နေပြီးမှ တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်တော့သည်။

အပြင်ဖက်တွင် နေရောင်ခြည်က ဝင်းလက်တောက်ပနေကာ ကော်ရစ်တာတွင် လူတစ်လူ ကြောင်တမြှီးတောင် ရှိမနေပေ. ထန်ချင်လင်းက ပိုတောင် ကြောက်လန့်သွားကာ တံခါးကို ပိတ်တော့မလို လုပ်တုန်း အောက်က စက္ကူပိုင်းလေးကို မြင်သွားသည်။ ကုန်းကောက်ကာ ဖတ်ကြည့်ပြီးနောက်တွင်မူ သူ့မျက်နှာပေါ်က အကြောက်တရားက တဖြည်းဖြည်းချင်းစီ ပျောက်ကွယ်လို့ သွားတော့သည်။

XXXXXXXXX

“မစ်အယ်လီနာ၊ ကျွန်တော့်ညီမ အဆင်ပြေရဲ့လား” ဖန်စမ်က စိတ်ပူပင်စွာနှင့် မေးလိုက်သည်။

“ပြေပါတယ် မစ္စတာဖန်က ညီမလေးဆိုတော့ ကြောက်လန့်စရာ မရှိအောင် မမြင်ဖူးအောင် ကောင်းကောင်း ကာကွယ်ပေးထားတာဆိုတော့ သူ(မ)က လန့်သွားတာ။ နှစ်သိမ့်ပေးပြီးတော့ မနေ့ကညက သူ(မ) အိပ်တဲ့ အခန်းထဲမှာပဲ အိပ်ခိုင်းထားလိုက်တယ်။ မနက်မိုးလင်းတော့ ညက ကြောက်လန့်တာတွေ ပျယ်သွားတော့ ပိုသက်သာလာပြီ”

“ကောင်းတာပေါ့၊ ကောင်းတာပေါ့”

အယ်လီနာ တစ်ယောက် ကြော့ကြော့မော့မော့နှင့် ဧည့်ခန်းထဲက ထွက်လာတော့ ထောင်ယွီနှင့် တည့်တည့်တိုးလေသည်။

“တစ်ယောက်တည်း လျှောက်သွားလို့ပါလား”

“အစကတော့ အပိုဝင်ငွေလေး ရှာပြီး အပန်းဖြေမလို့ပဲ အခုတော့ အသက်ရှင်လျက် ပြန်သွားနိုင်ပ့ါမလားတောင် မသိဘူး” ထောင်ယွီက ကိုယ့်ဘာသာကိုယ် လှောင်ပြောင်ရယ်မောကာ “ငါ့ကို ကံက မျက်နှာသာကို မပေးဘူး”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ