Chapter 40 အခန်း ၄၀ ကျောင်းတွင်းသံသယ ၂
ကွမ်ကျင် ခရုကော်သည့် ခက်ရင်းနှင့် ညှပ်ကို အသုံးပြုကာ အက်စကာဂေါ့ ခရု နှင့် တိုက်ပွဲဝင်နေသည်။
လုယွင်ယွမ်က ရှေ့ဆက် ကြည့်မနေနိုင်တော့ပဲ သူ အခွံချွတ်ပြီးသားကို ပေးလိုက်တော့သည်။ “အဲလို အခြေအနေကြီး တွေ့ကြုံထားတာတောင် ဒီလို ပေါ့ပေါ့ပါးပါး စားသောက်နိုင်တဲ့ မင်းကိုတော့ တကယ်လေးစားတယ်”
ကွမ်ကျင်က မော့မကြည့်ပေ။ “ဗိုက်ဆာရင် မကျေမချမ်း ဖြစ်တယ်လေ။ မစားရင် သေသွားမယ့်သူက ကိုယ်တွေ ဖြစ်သွားမှာပေါ့”
“ဟေ့၊ အဲဒိလူက ကိုယ့်ခေါင်းပေါ်တောင် ကျတော့မှာကွ” လုယွင်ယွမ်က လက်ပေါ်ကို မေးစေ့တင်ကာ နာကျင်နေပုံနှင့် “မင်းက ကိုယ့်ရဲ့ ထိတ်လန့်ပြီး ကျေမွှမလို ဖြစ်နေတဲ့ လိပ်ပြာလေးကို နှစ်သိမ့်ဖို့တောင် မစဉ်းစားဘူးလား”
ကွမ်ကျင်က သူ့ကို လျစ်လျူရှုထားလိုက်သည်။ တကယ်က အဲဒိလူက လုယွင်ယွမ် ခေါင်းပေါ် မကျသွားတာတောင် သူ့မှာ နှမြောသလို ဖြစ်နေတာပင်။ လုယွင်ယွမ်က ဘယ်လိုလုပ် သူ နောက်ကျောပေးတာတောင်မှ မျက်နှာချင်းဆိုင်က ကွမ်ကျင်တောင် သတိမထားမိသေးခင် ဘယ်လိုတောင် သတိထားမိသွားတာလဲ ဆိုတာ ပြန်စဉ်းစားမိသည်။ ဒီလို သိစိတ်ကြီးက သားရဲတစ်ကောင် ထက်မြက်သလိုကြီး ဆိုတော့ ကွမ်ကျင် နည်းနည်းတော့ အံသြသွားသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023