Chapter 94 အခန်း ၉၄ စတူဒီယိုမှ အထိတ်တလန့် (၄)
အဆုံးသတ်မှာလဲ ကွမ်ကျင်နှင့် လုယွင်ယွမ်တို့ နှစ်ယောက် ဒေါသထွက်နေသေးသည့် လုယွင်ရှန် ကန်ထုတ်လိုက်တာကို ခံလိုက်ရသေးတာပင်။
သို့သော် ကွမ်ကျင်ကတော့ စိတ်တိုနေမယ့်အစား နည်းနည်းတောင် ပျော်နေသေးသည်။ “ခင်ဗျား အစ်ကို ခင်ဗျားကိုသာ နေ့တိုင်း ဒီလို ပုံသွင်းနိုင်မယ်ဆို ပျော်ပျော်ကြီးတောင် ကြည့်ပလိုက်မယ်”
လုယွင်ယွမ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ “ကိုယ် ဒီမှာ နေပြီး ကိုယ့် အစ်ကို အနိုင်ကျင့်တာ နေ့တိုင်း ခံလိုက်မယ်လေ။ မင်းလေးလဲ ဒီကို ပြောင်းလာပြီးတော့ ကြည့်ပါလား”
“ခင်ဗျားက နှိပ်စက်ခံရတာကို သာယာနေတာလား? ဆော်ရီးပဲ ဒီလို မကောင်းတဲ့ ဟာမျိုးတွေ စိတ်မဝင်စားဘူး”
နှစ်ယောက်သား စလိုက် နောက်လိုက်နှင့်ပင် ရဲစခန်း ရောက်သွား ကြသည်။
ရုံးခန်းထဲမှာတော့ အခြေအနေက သိပ်သာယာမနေပေ ဒီတော့ ကွမ်ကျင် မျက်ခုံးပင့်ကာ “ဘာလဲ တစ်ခုခု ဖြစ်သွားလို့လား”
“လူသတ်မှု စဖြစ်တဲ့ နေရာတွေ့ပြီ” ကူရှန်းက ပြောလိုက်သည်။ “ဘေးအဆောက်အဦးက ရုပ်ရှင်ရိုက်ရင် ခဏခဏသုံးတတ်တဲ့ ရေကူးကန်မှာပဲ။ ရေကန်ကတော့ ခြောက်နေတယ်။ သေသေချာချာကို သန့်ရှင်းရေး လုပ်ထားတာ။ ဒါပေမယ့် လီဖန်တို့တွေက Blacklight သုံးပြီးတော့ ရေထွက်ပေါက်နားကို ကြည့်ကြည့်ပြီးတော့ သွေးနမူနာကို စစ်ကြည့်တော့ ကွက်တိပဲ သေသွားတဲ့သူရဲ့ သွေးတွေ ဖြစ်နေတယ်”
(Black light ဆိုတာ ခရမ်းလွန်ရောင်ခြည် Ultraviolet ကို သုံးပြီးတော့ ပုံမှန် အလင်းရောင် ဒါမှမဟုတ် သာမာန် မျက်စိနဲ့ အမြင်ရတဲ့ ရှာဖွေတာပါ။ သွေးကွက်တွေ ဘာတွေ ရေနဲ့ ဆေးချလိုက်ပေမယ့် အဲဒိ မီးသုံးလိုက်ရင် အကွက် ရှိတဲ့ နေရာတွေ ထိခဲ့တဲ့ နေရာတွေ အကုန်လုံးကို ထင်ထင်ရှားရှား မြင်ရပါတယ်တဲ့)
“M.O ကရော”
(M.O Modus Operandi - ဆိုတာက လူတစ်ယောက် လုပ်လေ့ရှိတဲ့ အကျင့်ကို ပြောတာပါ)
आप पढ़ रहे हैं
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
एक्शनAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023