အခန်း ၁၂၇ Still Waters and Bitter Cold ၂၀
"အဲဒိတုန်းက မင်းကို သဘောဖြူ မနောဖြူလေးလို့ ထင်လိုက်လို့ ဂရုစိုက်ပေးချင်စိတ်တွေ တဖွားဖွားပေါ်လာတာလေ"
"တကယ်က သဘောလဲ မဖြူဘူး။ သဘောဖြူ တဲ့သူတွေက သားကောင်ပဲ ဖြစ်လာမှာ" ဝမ်ကျင်းဟန်က ပြန်ခံပြောလိုက်သည်။
"ဟာ့... အရင်တုန်းက မင်းအချစ်တွေကနေ အမုန်းတွေ အဖြစ်ပြောင်းသွားတာ မင်းကို အဝေးပို့လိုက်လို့ မုန်းသွားတယ်လို့ ထင်နေတာ တကယ်တမ်းက အစကတည်းက ကိုယ်က သားကောင် ဖြစ်နေတာလား ဟုတ်လား"
"ဒီကိစ္စတွေကို ဒီအထိ ပြန်ပြောင်းပြောဖို့ ကောင်းတဲ့ ဟာမို့လို့လား။ လုပ်စရာ မရှိဘူးလား အားနေလား"
"မင်း အချိန်မီ သတင်းပေးလို့ ကျေးဇူးတင်စကား ပြောဖို့ လာတာ"
"ခင်ဗျားအတွက် ပြောပေးတာမဟုတ်ပါဘူး။ စခန်းမှာ အလုပ်တွေ ပိုသွားမှာ စိုးလို့ လျော့ချချင်လို့ ပြောလိုက်တာ"
"မင်းကလေ အမြဲတမ်း ဒီလိုကြီးပဲ။ မင်းကို ကြည့်လိုက်ရင် ဂရုမစိုက်သလိုပဲ။ ဒါပေမယ့် မင်းရင်ထဲမှာလဲ အရမ်းနူးညံ့တဲ့ နေရာလေး ရှိတာပဲကို အဲလိုမှ မဟုတ်ရင် ကိုယ်လဲ လျှို့ဝှက်လမ်းကြောင်းကနေ ဘယ်လိုလုပ် ထွက်ပြေးလို့ ရခဲ့ပ့ါမလဲ။ မင်း လဲ အဲဒိလမ်းကြောင်း သိတယ်မလား ဒါတောင် ရဲတွေကို မပြောလိုက်ဖူးလေ"
ဝမ်ကျင်းဟန်က လဲ ဘာမှကို မဟုတ်သလိုပဲ "ခင်ဗျားလဲ အတူတူပဲ မဟုတ်ဘူးလား။ အခုထိတောင်မှ ခင်ဗျားအဖွဲ့က ကျန်ခဲ့တဲ့ လူတွေက ကျွန်တော်က အရပ်ဝတ်နဲ့လူဆိုတာ မသိကြဘူး မလား? မဟုတ်ရင် ဒီနှစ်တွေထဲမှာ အကောင်းအတိုင်း ရှိနေပ့ါမလား"
သူ့နောက်က လူက ချက်ချင်းကို ပိုပြီး စိတ်ပျော့သွားကာ သူ့နားကို တဖြည်းဖြည်း ချဉ်းကပ်လာသည်။
သူ့နောက်ကို ကပ်လာတာကို သိပေမယ့်လဲ မလှုပ်ပဲ အသာလေးနေကာ ထိုသူက သူ့ကို လှမ်းဖက်ပြီး ပခုံးပေါ်ကို မေးစေ့လေး တင်လိုက်သည် အထိကို ဝမ်ကျင်းဟန် ငြိမ်ပြီး နေနေသည်။
"မင်း ဒီလို တွေးတယ်ဆိုလဲ ကိုယ်မှာ ဘာနောင်တရစရာမှ မရှိဘူး" သူ့အသက်ရှူငွေ့တွေက ဝမ်ကျင်းဟန်၏ လည်ပင်းကို ထိခပ်နေသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023