အခန်း ၇၃

2.5K 525 16
                                    

Chapter 73 အခန်း ၇၃ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၇

အဆုံးသတ်မှာတော့ လုယွင်ယွမ်က ကွမ်ကျင့်ကို စိတ်ဆိုးနေစေကာ အပြင်ကို ကန်ထုတ်ခံလိုက်ရသည်။ ကွမ်ကျင်ကလဲ သူတို့နှစ်ယောက်အခန်းကြားက တံခါးကို ဗီဒိုတစ်လုံးနှင့် လဲ အဆို့ခံလိုက်ရသည်။

လုယွင်ယွမ်က မတတ်သာသလို ခေါင်းခါကာ သူ့ညီ လုယွင်ချီ၏ အခန်းကို သွားဖို့ ပြင်ရတော့သည်။ ဒါတောင် သူလဲ စင်္ကြန်ကို ရောက်ရော သူ့မိသားစု တစ်စုလုံးနှင့် ဆုံတော့သည်။

“အစ်ကို. သွားမစားဘူးလား” လုယွင်ချီက သွားဖြဲကာ နှုတ်ခွန်းဆက်လေသည်။

“မင်းခဲအိုက ငါ့ကို စိတ်လုပ်သွားပြန်ပြီလေ ဘယ်လိုလုပ် စားနိုင်မှာလဲ” လုယွင်ယွမ်က သုန်သုန်မှုန်မှုန်နဲ့ ပြန်ပြောလိုက်သည်။

“အားရှိမှ ခဲအိုကို ပြန်ချော့ဖို့ အားရှိမှာပေါ့” လုယွင်ချီက ကပ်သီးကပ်သပ် ပြန်ပြောသည်။ ချက်ချင်းပဲ ဒါက စနောက်နေရမယ့် အချိန်မဟုတ်မှန်းလဲ သိသွားကာ လေသံပြောင်းသွားပြန်သည်။ “ဟား ဟား.. ဒါဆိုလဲ အရင်သွားစားနှင့်မယ်နော်”

“နေဦး.. မင်းအခန်းကို သွားကြမယ်” လုယွင်ယွမ်က နောက်ကို ပြန်မကြည့်ပဲ သူ့အခန်းဆီသို့ ချီတက်သွားသည်။

“ညီမတို့က ဘာလို့ သူ့အခန်းကို သွားရမှာလဲ” ချင်ဆယ်က မနေနိုင်ပဲ မေးလိုက်သည်။

“အစည်းအဝေးထိုင်မလို့”

“အား…ယောက်ျားရေ.. မိန်းမဗိုက်ဆာနေပြီ…” ချင်ဆယ်က လုယွင်ချီဘက်ကို အားနည်းသလိုလေး မှီပြလိုက်သည်။

“မိန်းမ ကျားကျားလဲ ဗိုက်ဆာနေတယ်။ ခဏလောက်ပဲ တောင့်ခံရအောင်လေ….”

ဒါနှင့်ပဲ ဗိုက်ဆာနေသော လူတစ်အုပ်က ဝမ်းနည်းပက်လက်နှင့် အခန်းတစ်ခန်းအတွင်း ပြွတ်သိပ်ဝင်သွားတော့သည်။

“ဝမ်းကွဲအစ်ကို.. လာနောက်နေတာလား” လုယွင်ယွမ် ပြောတာ နားထောင်အပြီး မုချင်ဟယ် မျက်လုံးတွေက ပြူးကုန်သည်။

“နောက်တာပဲ ဖြစ်ချင်တာပေါ့” လုယွင်ယွမ်က သက်ပြင်းချလိုက်သည်။ “တော်လှန်ရေးက နိုင်ခါနီးမှ ရန်သူအသစ်က လာပေါ်နေတယ်”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now