Chapter 56 အခန်း ၅၆ ကျောင်းတွင်းသံသယ ၁၈
သေဘေးကနေ သီသီလေး လွတ်မြောက်လာသော လုယွင်ယွမ်က ကားမောင်းနေရင်းနှင့်မှ စကားတွေ ပြောနေသည်။ “ချင်ရှောင်က ကိုယ့်ညီရဲ့ မိန်းမဘက်က ဆွေမျိုးလေ။ ပြီးတော့ ကိုယ်တောင် သိတာ သိပ်မကြာသေးဘူး။ အဲဒိကလေးက မကောင်းတဲ့ စိတ်ဘာညာတော့ မရှိဘူး။ ဟိုစပ်စပ် ဒီစပ်စပ် ပါချင်တာပဲ ရှိတာ စိတ်ထဲ မထားနဲ့”
ကွမ်ကျင်က ဟွန့်ခနဲ လုပ်ကာ “ခင်ဗျားက လူတော်တော်များများကို သိတာပဲ။ ခင်ဗျားမှာ အစ်ကိုတစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလား”
“မွေးချင်းနှစ်ယောက်ရှိတယ်လေ။ ကိုယ်က အလတ်။ အသေးစိတ်သိချင်ရင် ကိုယ့်မိသားစုမျိုးဆက် တွေအကြောင်း ပြောပြရမလား”
“ကျွန်တော်နဲ့ ဘာဆိုင်လို့တုန်း”
“ကိုယ်က ဘွင်းဘွင်းရှင်းရှင်း မျှဝေခံစားရတာ ကြိုက်တယ်။ ဒီတော့ မစ္စတာတိုနီနဲ့ ဘယ်မှာ သိလိုက်တာလဲ ဆိုတာ သိခွင့်ရနိုင်မလား”
“မရဘူး” ကွမ်ကျင်က သူ့ကို ဖျတ်ခနဲ ကြည့်ကာ “လုယွင်ယွမ်၊ ပုံမှန်လေးပဲ နေပေးလို့ မရဘူးလား။ ကျွန်တော့ နားမှာ တစ်ချိန်လုံး အရည်မရ အဖတ်မရ ဘာလိုက်လုပ်နေတာလဲ”
“အိုအေ၊ ကိုယ် ထပ်မမေးတော့ဘူး။ ပိုအရေးကြီးတာလေးတွေ ပြောရအောင်” လုယွင်ယွမ်က ကွမ်ကျင် စိတ်ရှည်နေတာလေး မပျောက်သွားခင် အကြောင်းအရာ ပြောင်းလိုက်သည်။ “လင်းပိုင် ကျောင်းက ဖိုင်တွေ မှာ ရှာတုန်းက သူ စာချုပ်တစ်ခု တွေ့လိုက်တယ်။ ပြိုင်ပွဲ တစ်ခု လုပ်ဖို့ ရှိလို့ ကြက်တောင်ရိုက်ကွင် ပြုပြင်တုန်းက ဆောက်လုပ်ရေးအလုပ်သမားတွေကို စာချုပ်ချုပ်ထားတဲ့ဟာ။ အဲဒါက ချုံကျောင်ကျောင် သေသွားတဲ့ ဒီနှစ် သုံးလပိုင်းက ဖြစ်နေတယ်။ သူတို့က ညဖက်ပါ အလုပ်လုပ်တယ်လေ။ ပြီးတော့ ကြက်တောင်ရိုက်ကွင်းက ဓါတ်ခွဲဆောင်ကို သွားတဲ့ လမ်းဘေးမှာပဲ ဆိုတော့ သူတို့တွေ အဲဒိညက တစ်ယောက်ယောက်ကို မြင်လား မမြင်မိလားဆိုတာ သွားမေးကြသေးတယ် ”
“လူသတ်သမားက ဆောက်လုပ်ရေးသမားတွေ ရှေ့ကနေ ဖြတ်လျှောက်သွားရအောင်ကို ရဲလို့လား”
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionAll Credit to - Original Author - Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023